“ေရႊျပည္သာျမိဳ႕နယ္တြင္ သမီးအရင္းကို ဖခင္ျဖစ္သူက အဓမၼအႀကိမ္ႀကိမ္ ျပဳက်င့္မႈျဖစ္ပြား”

ေရႊျပည္သာျမိဳ႕နယ္တြင္ အသက္ ၁၃ႏွစ္အရြယ္ အမ်ဳိးသမီးငယ္အား ဖခင္ျဖစ္သူက အဓမၼအႀကိမ္ႀကိမ္ ျပဳက်င့္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ရန္ကုန္တိုင္းေဒသႀကီး၊ ေရႊျပည္သာျမိဳ႕နယ္၊ အမွတ္ ၁၈ရပ္ကြက္၊ ေဒၚဖြားရွင္လမ္း(က်ဴး) အခန္း ၃၌ သမီးႀကီးဆုံးျဖစ္သည့္ ၁၃ႏွစ္အရြယ္ သမီးကို ဖခင္ျဖစ္သူက သားမယားျပဳက်င့္ေနေၾကာင္း စက္တင္ဘာ ၉ ရက္ေန႔ မိခင္ျဖစ္သူထံ ေျပာျပ၍ သိရေၾကာင္း ဆိုသည္။

“အေမ သမီး မေနရဲေတာ့ဘူး အေဖက သမီးကုိ မုဒိမ္းက်င့္တာ (၄)ခါ ရွိျပီ အေမရယ္ “ဟု ေျပာျပေၾကာင္း ဆိုသည္။

မိခင္မွ သမီးအား ေမးျမန္းခဲ႔ရာ သမီးကို ဩဂုတ္လ ရက္မမွတ္မိေန႔ ၁၂ နာရီအခ်ိန္က ၎ေနအိမ္ အခန္းအတြင္း အဝတ္စားလဲေနစဥ္ ဖခင္ေရာက္ရွိလာျပီး၊ ခႏၶာကုိယ္အား ေပြ႔ဖက္ တြန္းလွဲကာ သားမယားအျဖစ္ တစ္ႀကိမ္ျပဳက်င့္တယ္။

ျပန္ေျပာလ်ွင္ သတ္ျပစ္မည္ဟု ေျပာဆိုကာ ထြက္သြားတယ္။ ေနာက္ၿပီးေတာ့ ရက္အနည္းငယ္ခန္႔အၾကာ ရက္မမွတ္မိတဲ့ေန႔ ည ၇ နာရီက ထပ္မံ သားမယား တစ္ႀကိမ္ျပဳက်င့္တယ္။

စက္တင္ဘာလ ဆန္းပုိင္း ည ၈ နာရီက ႏွင့္ စက္တင္ဘာ ၈ ရက္ေန႔ည ၈ နာရီက (၁)တစ္ႀကိမ္စီ သားမယား အျဖစ္ ျပဳက်င့္ေၾကာင္း ဆိုသည္။

အသက္ ၁၃ႏွစ္အရြယ္ အမ်ဳိးသမီးငယ္၏ မိခင္ျဖစ္သူက ခင္ပြန္း ျဖစ္သူအား ဥပေဒအရ အေရးယူေပးရန္ စက္တင္ဘာ ၉ ရက္ေန႔ ရဲစခန္းသို႔ လာေရာက္ တိုင္တန္းေၾကာင္း ရဲတပ္ဖြဲ႕က ဆိုသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ သမီးျဖစ္သူအား အႀကိမ္ ႀကိမ္ အဓမၼျပဳက်င့္သည့္ ျပစ္မႈက်ဴးလြန္သူ ဝင္းခက္ အား ေရႊျပည္သာျမိဳ႕မရဲစခန္းမွ (ပ)၃၂၃၃/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၃၇၆၊ သားမယား ျပဳက်င္မႈျဖင့္ ဖမ္းဆီးအေရးယူထားေၾကာင္း သတင္းရရွိသည္။

ဝႆန္(အင္းစိန္) Real News Distribution Agency #ApannPyay

Credit

Unicode

ရွှေပြည်သာမြို့နယ်တွင် အသက် ၁၃နှစ်အရွယ် အမျိုးသမီးငယ်အား ဖခင်ဖြစ်သူက အဓမ္မအကြိမ်ကြိမ် ပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၈ရပ်ကွက်၊ ဒေါ်ဖွားရှင်လမ်း(ကျူး) အခန်း ၃၌ သမီးကြီးဆုံးဖြစ်သည့် ၁၃နှစ်အရွယ် သမီးကို ဖခင်ဖြစ်သူက သားမယားပြုကျင့်နေကြောင်း စက်တင်ဘာ ၉ ရက်နေ့ မိခင်ဖြစ်သူထံ ပြောပြ၍ သိရကြောင်း ဆိုသည်။

“အမေ သမီး မနေရဲတော့ဘူး အဖေက သမီးကို မုဒိမ်းကျင့်တာ (၄)ခါ ရှိပြီ အမေရယ် “ဟု ပြောပြကြောင်း ဆိုသည်။

မိခင်မှ သမီးအား မေးမြန်းခဲ့ရာ သမီးကို ဩဂုတ်လ ရက်မမှတ်မိနေ့ ၁၂ နာရီအချိန်က ၎င်းနေအိမ် အခန်းအတွင်း အဝတ်စားလဲနေစဉ် ဖခင်ရောက်ရှိလာပြီး၊ ခန္ဓာကိုယ်အား ပွေ့ဖက် တွန်းလှဲကာ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်တယ်။

ပြန်ပြောလျှင် သတ်ပြစ်မည်ဟု ပြောဆိုကာ ထွက်သွားတယ်။ နောက်ပြီးတော့ ရက်အနည်းငယ်ခန့်အကြာ ရက်မမှတ်မိတဲ့နေ့ ည ၇ နာရီက ထပ်မံ သားမယား တစ်ကြိမ်ပြုကျင့်တယ်။

စက်တင်ဘာလ ဆန်းပိုင်း ည ၈ နာရီက နှင့် စက်တင်ဘာ ၈ ရက်နေ့ည ၈ နာရီက (၁)တစ်ကြိမ်စီ သားမယား အဖြစ် ပြုကျင့်ကြောင်း ဆိုသည်။

အသက် ၁၃နှစ်အရွယ် အမျိုးသမီးငယ်၏ မိခင်ဖြစ်သူက ခင်ပွန်း ဖြစ်သူအား ဥပဒေအရ အရေးယူပေးရန် စက်တင်ဘာ ၉ ရက်နေ့ ရဲစခန်းသို့ လာရောက် တိုင်တန်းကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သမီးဖြစ်သူအား အကြိမ် ကြိမ် အဓမ္မပြုကျင့်သည့် ပြစ်မှုကျူးလွန်သူ ဝင်းခက် အား ရွှေပြည်သာမြို့မရဲစခန်းမှ (ပ)၃၂၃၃/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆၊ သားမယား ပြုကျင်မှုဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။

ဝဿန်(အင်းစိန်) Real News Distribution Agency #ApannPyay

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*