“မႏၱေလးမွာ AA အဖြဲ႔ဝင္ ၄ ဦးကို ေဖာက္ခြဲေရး ပစၥည္းမ်ားနဲ႔ အတူ ဖမ္းမိ”

#Breaking_News

စက္တင္ဘာ ၁၀

ႏိုင္လင္းဦး

မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၿမိဳ႕သစ္ (၅) ရပ္ကြက္ရွိေနအိမ္တစ္ခုတြင္ အမ်ဳိးသား (၄) ဦးႏွင့္အတူ ေဖာက္ခြဲဖ်က္ဆီးရာတြင္ အသံုးျပဳေသာ ပစၥည္းမ်ားႏွင့္ ဆက္သြယ္ေရး ပစၥည္းမ်ားကို စက္တင္ဘာလ ၁၀ ရက္ေန႔ နံနက္ပိုင္းအခ်ိန္က ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

သတင္းအရ သက္ဆိုင္ရာရဲတပ္ဖြဲ႕ က သက္ေသမ်ားႏွင့္အတူ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္(၅)ရပ္ကြက္၊ လမ္း ၇၀၊ ဒႆနလမ္းရွိ ေနအိမ္တစ္ခုသို႔ ဝင္ေရာက္ရွာေဖြရာ ေအာင္လင္းထက္ ၊ ဦးျမတ္ခိုင္ ၊ ခ်မ္းၿငိမ္း တို႔အား ေတြ႕ရွိသည့္အတြက္ စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့သည္ ။

ထို႔ေနာက္ အဆိုပါ ေနအိမ္အေပၚထပ္ အခန္းအတြင္းမွ THLIRAYA XT-ITTE. Satellite Phone (အသစ္) အလံုး (၄၀)၊ မွန္ေျပာင္း (BAIGISH) made in RUSSIA (၃၀) ခု၊ GARMIN (GPS+GLONASS) (၂၅)လုံး၊ ယမ္းတုံးဟုယူဆရေသာ အထုပ္(၂၈)ထုပ္၊ ဒီတိုနီတာ ၁၀၀ ထုပ္ပါ (၁၀) ခု၊ ဖေယာင္းေခ်ာင္း (၃၅) ေခ်ာင္း၊ စကၠဴျဖဴ ၁၅ လိပ္ပါ (၃)ထုပ္၊ ယမ္းျဖဴဟုယူဆရေသာ (ဆာလာအိတ္ျဖင့္ထည့္လ်က္) ၅ အိတ္ႏွင့္ စကၠဴညိဳ (၁) ထုပ္တို႔ကို ေတြ႔ရွိ သိမ္းဆည္းရမိခဲ့သည္။

အေသးစိတ္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ ဖိုးေက်ာ္ (၂၂)ႏွစ္ ေရာက္ရွိလာသျဖင့္ ဖမ္းဆီးထားခဲ့ေၾကာင္း မႈခင္းမွတ္တမ္းမ်ားအရ သိရသည္ ။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕ မွ ဒုတိုင္းရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး ကိုကိုလြင္၊ မႏၲေလးခရိုင္ ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီး စိုင္းလွထူး ၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ ၿမိဳ႕နယ္ရဲမွဴး ႏွင့္ ဒုၿမိဳ႕နယ္မွဴး တို႔အား ဆက္သြယ္ေမးျမန္းေသာ္လည္း ျပန္လည္ေျဖၾကားျခင္း မျပဳခဲ့ေပ ။

“AA တပ္ဖြဲ႕ကလို႔ အတည္ျပဳပါတယ္။ ခုသူတို႔ကို အၾကမ္းဖက္ ဥပေဒနဲ႔ အမႈဖြင့္ဖို႔ ေဆာင္ရြက္ေနပါတယ္။´´ ဟု ခ်မ္းျမသာစည္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ ယာယီၿမိဳ႕နယ္ရဲမွဴး ရဲမွဴး ေဇာ္ဝင္းႏိုင္ က ေျပာသည္ ။

မူရင္းသတင္းဆိုဒ္- fifthwavenews

Credit

Unicode

#Breaking_News

စက်တင်ဘာ ၁၀

နိုင်လင်းဦး

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ် (၅) ရပ်ကွက်ရှိနေအိမ်တစ်ခုတွင် အမျိုးသား (၄) ဦးနှင့်အတူ ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသော ပစ္စည်းများနှင့် ဆက်သွယ်ရေး ပစ္စည်းများကို စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်က ဖမ်းဆီးရမိထားကြောင်း သိရသည်။

သတင်းအရ သက်ဆိုင်ရာရဲတပ်ဖွဲ့ က သက်သေများနှင့်အတူ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ လမ်း ၇၀၊ ဒဿနလမ်းရှိ နေအိမ်တစ်ခုသို့ ဝင်ရောက်ရှာဖွေရာ အောင်လင်းထက် ၊ ဦးမြတ်ခိုင် ၊ ချမ်းငြိမ်း တို့အား တွေ့ရှိသည့်အတွက် စစ်ဆေးမှုများပြုလုပ်ခဲ့သည် ။

ထို့နောက် အဆိုပါ နေအိမ်အပေါ်ထပ် အခန်းအတွင်းမှ THLIRAYA XT-ITTE. Satellite Phone (အသစ်) အလုံး (၄၀)၊ မှန်ပြောင်း (BAIGISH) made in RUSSIA (၃၀) ခု၊ GARMIN (GPS+GLONASS) (၂၅)လုံး၊ ယမ်းတုံးဟုယူဆရသော အထုပ်(၂၈)ထုပ်၊ ဒီတိုနီတာ ၁၀၀ ထုပ်ပါ (၁၀) ခု၊ ဖယောင်းချောင်း (၃၅) ချောင်း၊ စက္ကူဖြူ ၁၅ လိပ်ပါ (၃)ထုပ်၊ ယမ်းဖြူဟုယူဆရသော (ဆာလာအိတ်ဖြင့်ထည့်လျက်) ၅ အိတ်နှင့် စက္ကူညို (၁) ထုပ်တို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်နေစဉ် ဖိုးကျော် (၂၂)နှစ် ရောက်ရှိလာသဖြင့် ဖမ်းဆီးထားခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည် ။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှ ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုလွင်၊ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိုင်းလှထူး ၊ ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့ မြို့နယ်ရဲမှူး နှင့် ဒုမြို့နယ်မှူး တို့အား ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မပြုခဲ့ပေ ။

“AA တပ်ဖွဲ့ကလို့ အတည်ပြုပါတယ်။ ခုသူတို့ကို အကြမ်းဖက် ဥပဒေနဲ့ အမှုဖွင့်ဖို့ ဆောင်ရွက်နေပါတယ်။´´ ဟု ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့ ယာယီမြို့နယ်ရဲမှူး ရဲမှူး ဇော်ဝင်းနိုင် က ပြောသည် ။

မူရင်းသတင်းဆိုဒ်- fifthwavenews

Be the first to comment

Leave a Reply

Your email address will not be published.


*