“ဗစ်တိုးရီးယားလေး အတွက် ဆရာမနှင်းနုထံသို့ အိတ်ဖွင့်ပေးစာ”

ဗစ်တိုးရီးယားလေး အတွက် ဆရာမနှင်းနုထံသို့ အိတ်ဖွင့်ပေးစာ….

Victoria လေး ပြောဆိုသွားသည်များကိုဆရာမနှင်းနုကြားပြီးလောက်ပါပြီ။ကလေးဆိုတာမညာတတ်ဘူး ဆိုတာ။မနှင်းနုလည်း ဆရာမတစ်ယောက်ပဲ။ မနှင်းနုကို ကျတော် ဖြစ်ရပ်မှန် ၂ ခုပြောပြချင်ပါတယ်။

ဖြစ်ရပ်မှန် ၁

‘ဆိုကရေးတီးစ်’ ဟာ အမှန်တရားကို အလွန်ချစ်မြတ်နိုးသူ တစ်ယောက်ဖြစ်ပြီး အမှန်တရားနဲ့ ပါတ်သက်ရင် ဘယ်သူ့ကိုမှ ညှာတာထောက်ထားခြင်း မရှိပဲအမြဲပြောဆိုနေတတ်လို့ အာဏာပိုင်က မတရားဖမ်းဆီးလိုက်ပြီးသူ့ကိုအမိန့်ချပါတယ်။အမိန့်၂ ခုအနက်၁ခုကိုရွေးခိုင်းတယ်။

‘ပြောနေတာတွေ ရပ်မလား’‘ဒီအဆိပ်ခွက်ကို သောက်မလား’ ။‘ဆိုကရေးတီးစ်’ က ငါ့ပါးစပ်ရှိနေသမျှ အမှန်တရားကို ငါပြောနေမှာပဲ၊ အဲ့တော့ ဒါကိုပဲရွေးမယ်ဆိုပြီး‘အဆိပ်ခွက်’ကိုမော့သောက်ပြီး အသေခံသွားတယ်။ သူ့အတွေးသူ့ဆုံးဖြတ်ချက်မှာ ဘာတွေဝေမှုမှ မရှိဘူး။ အမှန်တရားပဲရှိခဲ့တယ်။ အဲ့ဒီ့တော့သူ့သေဆုံးမှုကမှန်ကန်တယ်။ မြင့်မြတ်တယ်။ဂုဏ်သိက္ခာရှိတယ်။

အမှန်တရားအတွက် သူ့ရဲ့စွန့်လွှတ်မှုက သမိုင်းတွင် ကျန်ခဲ့တယ်။ ရိုးရိုးသမိုင်းတွင် ကျန်ခဲ့ရုံတင် မကပဲ‘အမှန်တရားဆိုတာ ဖော်ကို ဖော်ထုတ်ရမယ့် မဖြစ်မနေ လုပ်ကိုလုပ်ရမယ့်လူ့တာဝန်တစ်ခုပဲ’ ဆိုတဲ့ Message အကြီးကြီးတစ်ခုကိုတစ်ကမ္ဘာလုံးကိုပေးခဲ့တယ်။

ဖြစ်ရပ်မှန် ၂

မြန်မာနိုင်ငံမှာ အတိတ်က ရင်နာစရာကောင်းတဲ့ဖြစ်ရပ်မှန် တစ်ခု ရှိခဲ့တယ်။‘ဆိုကရေးတီးစ်’ ရဲ့စိတ်ဓါတ်နဲ့လုပ်ဆောင်ချက်တွေကို လေးစားအားကျတဲ့ လူငယ်တစ်ယောက်ရဲ့အဖြစ်အပျက်ဆို ပိုမှန်လိမ့်မယ်။

တစ်နေ့မှာ သူနေတဲ့ပါတ်ဝန်းကျင်မှ သူတို့ရပ်ကွက်ထဲက အသက် ၁၁ နှစ်သာရှိသေးတဲ့ရပ်ကွက်ကလည်း ချစ်ကြတဲ့ငယ်ရွယ်ပေမယ့် မိဘကိုလုပ်ကျွေးနေတဲ့ ကလေးမလေးတစ်ယောက်ကို လုံခြုံရေးတာဝန်ကျ လုံထိမ်းတပ်သား ၆ ယောက်ကမုဒိမ်းကျင့်ခဲ့တယ်။

ဖြစ်ပြီး နောက်တစ်ရက်မှာတပ်ချိန်းသွားခဲ့တယ်။ အဲ့တော့ အဲ့ဒီ့လူငယ်လေးကအဲ့ဒီ့ကိစ္စကို သူ၏ရဲဘော်ရဲဘက်များ၊ ဆေးပညာရှင် ဆရာဝန်များမှန်ကန်သော ရဲဝန်ထမ်းများ ၊ပြည်သူများ အားလုံးနှင့်ပူးပေါင်း၍ စံနစ်တကျ ဖော်ထုတ်ခဲ့ပါတယ်။အမှုမှန်လည်းပေါ်ပေါက်ခဲ့ပါတယ်။

သို့သော် ယင်းကိစ္စ ဖော်ထုတ်ခဲ့သူ ယင်းလူငယ်အပါအဝင်၅ ယောက် ကတော့ စစ်ခုံရုံးတင်ခံရကာ ညှင်းပန်းနှိပ်စက်ခံရပြီး ထောင်အသီးသီး ကျခံခဲ့ရတယ်။ အဲ့ဒီ့ထဲက ရဲဘော်တစ်ယောက်က နှိပ်စက်တဲ့ဒါဏ် မခံနိုင်တော့လို့ အင်းစိန်ထောင်ထဲမှာ ကိုယ့်ကိုယ်ကိုကိုယ် သတ်သေသွားခဲ့တယ်။ တစ်တိုင်းပြည်လုံး ယင်းကိစ္စအပေါ်မှာ ထိခိုက်ခံစားကြရတယ်။

အဲ့ဒီ့လူငယ်လေးကိုလည်း စစ်တပ်က တစ်ရပ်ကွက်လုံးကို ပိတ်ပြီးအိမ်မှာ တပ်နဲ့တပ်ထောက်လှမ်းရေး၊ ထလနိုင်ပူးပေါင်းအဖွဲ့တွေဝိုင်းဖမ်းကြတယ်။ သတင်းကြိုရပေမယ့် သူမှန်တာလုပ်ခဲ့တယ် ဆိုတာ သူယုံကြည်တဲ့အတွက် ရှောင်မပြေးပဲ ရင်ဆိုင်ခဲ့တယ်။အဲ့ဒီ့လူငယ်လေးကိုဖမ်းသွားပြီးတဲ့ အချိန်မှာသူ့မိခင်ဟာ အထီးကျန်စွာ တစ်ယောက်ထဲအိမ်မှာကျန်ခဲ့တယ်။

သူ့သားရှေ့မှာလုံးဝမျက်ရည်မကျခဲ့ပဲ‘ငါ့သားလေး မှန်တာလုပ်တာမှန်တဲ့တရားကိုနတ်စောင့်ပါတယ်ကွယ်’လို့ပြောပြီး ကျန်ခဲ့တယ်။အဲ့ဒီ့လူငယ်လေးထောင် ၄ နှစ်ကျခဲ့တယ်။

ထောင်ကလွတ်လာတော့သူ့အိမ်က အရင်စမ်းချောင်းအိမ်မဟုတ်တော့ပဲ အင်းစိန်ကိုပြောင်းသွားတယ်၊ အိမ်လိပ်စာရှိတဲ့နေရာကို သူလွတ်လာတဲ့’ သာယာဝတီထောင်’ကနေ လိုက်ရှာရတယ်။ အင်းစိန် ရပ်ကွက်ထဲရောက်တော့ နဲနဲမှောင်ပြီးမီးပြတ်နေလို့ခက်ခက်ခဲခဲရှာရပြီး လိပ်စာအရသစ်သားအိမ်ဟောင်းနွမ်းနွမ်းလေးကျဉ်းကျဉ်းလေး တစ်ခုဖြစ်နေတယ်။

တံခါးလေးအသာတွန်းလိုက်တော့ သူ့အမေ ဘုရားရှိခိုးသံနဲ့အတူ ကြေးစည်ထုသံအောက်မှာ အထီးကျန်ဆံလွန်းတဲ့သူ့အမေကိုတွေ့လိုက်ရတယ်။ အဖမ်းခံရတဲ့နေ့ကရောထောင်မှာလာတွေ့တဲ့ အချိန်တွေကရော မျက်ရည်မကျခဲ့တဲ့အဲ့ဒီ့လူငယ်လေးရဲ့အမေဟာသူ့သားလွတ်ပြီးသူ့ရှေ့ကိုရောက်လာတော့မှ ‘ငါ့သားလေး မသေဘူး’ဆိုပြီး ငိုချတော့တာပါပဲ။

အဲ့ဒီ့လူငယ်လေးဟာလည်းနွမ်းနွမ်းလျလျနဲ့ ဘုရားရှိခိုးနေတဲ့သူ့အမေကိုတွေ့တော့ စိတ်မထိမ်းနိုင်တော့ပဲ၎ နှစ်ထိမ်းထားတဲ့စိတ်ကို လွှတ်ချလိုက်ပြီး‘အမေ’ ဆိုပြီး ငိုချလိုက်တယ်။ သူတို့သားအမိအဖြစ်ကို ဘေးကအနားမှာ ရပ်ကြည့်နေတဲ့သူတွေပါ ထိခိုက်ခံစားကြရတယ်။

ဘေးကရပ်နေတဲ့ထဲက ကလေးမလေးတစ်ယောက်က အကိုကြီးဗိုက်ဆာနေမှာပဲပြောလို့သူ့အမေက‘ဆိုင်မှာသွားစားမယ် လာသား’ဆိုပြီး အဲ့ဒီ့လူငယ်လေးကိုခေါ်သွားပြီး အင်းစိန်တံတားအောက်က ထမင်းဆိုင်တွေမှာ သွားစားတယ်။

သူ့အမေ ရဲ့နွမ်းပြီးစုတ်နေတဲ့ ပိုက်ဆံအိတ်ထဲမှာကျပ်တန်နွမ်းနွမ်းလေးပဲမြင်လိုက်ခဲ့တဲ့ အဲ့ဒီ့လူငယ်လေးဟာအဝစား ဆိုင်ကိုရွေးထိုင်ပြီး၎နှစ်ငတ်ခဲ့သမျှဆောင့်ဆောင့်ထိုင်ပြီးထမင်းပုံထဲ ဟင်းတွေအကုန်လောင်းထည့်ပြီးစားတာဟာရုပ်ပျက်ဆင်းပျက်ပါပဲ။

ဘေးကအမေကကြည့်ပြီး ငို သူကလည်းစားရင်းမျက်ရည်ကျနဲ့ အလွန်စိတ်ဆင်းရဲစရာကောင်းတဲ့ လောကငရဲထဲကို သူတို့သားအမိရောက်သွားခဲ့ကြရတယ်။ အဲ့ဒီ့လူငယ်လေးရဲ့စီးပွားရေးတွေလည်း အကုန်ပျက်သုန်းခဲ့ရတယ်။

လွတ်ပြီး ၁လခန့်အကြာမှာ အထဲကဒါဏ်တွေနဲ့ ကိုယ်တစ်ခြမ်း လှုပ်ရခက်လာလို့ (သာယာဝတီ ဆောင်းရာသီကြီးမှာ သီးသန့်တိုက်အတွင်း လပေါင်းများစွာ သံခြေကျင်းခတ်ခံရတဲ့ဒါဏ်ပေါ့)။ အထူးကုဆရာဝန်ကြီး ဒေါက်တာမိမိချိုက ခက်ခက်ခဲခဲကုပေးတယ်။

မာကြောလွန်းတဲ့အဲ့ဒီ့ လူငယ်လေးရဲ့စိတ်နဲ့ အဲ့ဒီ့လူငယ်လေးလုပ်ခဲ့တာတွေကို ဂုဏ်ယူလေးစားတဲ့အထူးကုဆရာဝန်ကြီးများရဲ့ပူးပေါင်းကုသမှုများကြောင့် အဲ့ဒီ့လူငယ်လေး လူကောင်းပကတိပြန်ဖြစ်ခဲ့ရတယ်။

အဲ့ဒီ့လူငယ်လေးဟာ‘အမှန်တရားကို ဖော်ထုတ်မိလို့’ဘဝတစ်ခုလုံးနီးပါးပေးဆပ်ရတယ်။ ဘာ့ကြောင့် ဒီလူငယ်လေး ဘဝနဲ့ချီပြီးအမှန်တရားကို ဖော်ထုတ်ခဲ့ရသလဲ။

အမှန်တရားကို ဖော်ထုတ်ဖို့ဟာ ဒီလောက်တောင် အရင်းအနှီးကြီးသလား။ အဲ့လောက်ကြီးတဲ့ အရင်းအနှီးကို လုပ်ရလောက်တဲ့ထိ အဲ့ဒီ့လူငယ်လေးမှာ အကြောင်းတရားရှိသလား။ဆိုတဲ့ မေးခွန်းပေါင်းများစွာထွက်လာခဲ့တယ်။

ငယ်စဉ်ကထဲကအသိပညာ၊ ဥာဏ်ပညာနဲ့မှန်ကန်တဲ့ တည့်မတ်မှုတွေဆုံးမမှုတွေအောက်မှာကြီးပြင်းခဲ့ရတဲ့အဲ့ဒီလူငယ်လေးအတွက်ကတော့အဖြေကတစ်ခုထဲပါ။ငယ်စဉ်က‘ရှေ့နေကြီး ဦးကိုယု’ ရဲ့နာနေကြဖြစ်တဲ့ ဆုံးမစကား‘အမှန်တရားကိုဖော်ထုတ်ခြင်းကသာလျှင်မမှန်တရားတွေဖြစ်တဲ့အနိုင်ကျင့်မှု၊စော်ကားမှုနဲ့နှိပ်စက်မှုတွေကိုတားဆီးနိုင်လိမ့်မယ်’ တဲ့။

တကယ်တော့ အဲ့ဒီ့လူငယ်လေးဟာသူ့ အဖေရဲ့မိတ်ဆွေသူငယ်ချင်းတွေဖြစ်တဲ့ ဦးဝင်းတင်ရှေ့နေကြီး ဦးကိုယု ဦးသော်က ဦးတင်မိုး ဆရာကြီးဦးညိုမြ ဆရာကြီးမြသန်းတင့် ဆရာကြီးပါရဂူ တို့ရဲ့ဆုံးမမှုအောက်မှာ ကြီးပြင်းခဲ့ရတာပါ။အဲ့ဒီ့ဆရာတွေထဲကတစ်ချို့နဲ့သူပြန်လည်ဆုံတွေ့ခဲ့တာအင်းစိန်ထောင်ထဲမှာပါ။

အင်းစိန်ထောင် ၆တိုက်မှာ ဆရာဦးဝင်းတင်နဲ့ပြန်ဆုံတဲ့အခါ အန်ကယ်က‘သား အမှန်တရားကို ဖော်ထုတ်တဲ့ လူတိုင်း ဘဝတွေပျက်ကြရတာ သားမြင်တဲ့အတိုင်းပဲ။ အဲ့တော့ အမှန်တရားဆိုတာ ဖော်ထုတ်သင့်တဲ့ အရာမှန်ရဲ့လား ဆိုတာသားရဲ့အဖြေကိုသိချင်တယ်။

ဒါပေမယ့် ခုမဖြေနဲ့အုန်း’ လို့လေးလေးနက်နက်ပြောခဲ့တယ်။တပါတ်ခန့်အကြာမှာအဲ့ဒီ့လူငယ်လေးနဲ့နှစ်ပေါင်းများစွာသားအဖလိုနေခဲ့တဲ့ဆရာဦးသော်က အင်းစိန်ထောင်ကနေ အပြင်ဆေးရုံအထုတ်မှာကျဆုံးခဲ့ရတယ်။

အဲ့ဒီ့လူငယ်လေးကိုခုနကမေးခွန်းမေးခဲ့တဲ့အန်ကယ်ဦးဝင်းတင်ဟာလည်းထောင်ထဲမှာ နှစ်ပေါင်း ၂ဝ ကျော်နေခဲ့ရတယ် မနှင်းနု။(စိတ်ကူးလေးနဲ့ပဲ နေကြည့်ပေးပါမနှင်းနု)။

သူလွတ်ပြီး ကွယ်လွန်တဲ့အထိအပြင်လောကမှာလည်းထောင်ကျဝတ်စုံကိုပဲဝတ်ဆင်သွားခဲ့တယ်။ဒါတင်မကပဲခုထိ ‘ဦးဝင်းတင် Foundation’ ဆိုပြီးလူ့လောကကိုအကျိုးပြုနေဆဲပါ။

အဲ့ဒီ့လူငယ်လေးဟာ အန်ကယ်ဦးဝင်းတင်ကွယ်လွန်တဲ့ အချိန်မှာ ဟိုးအဝေးတစ်နေရာမှာ ရောက်နေခဲ့တယ်။ အဝေးကနေ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာက အန်ကယ်ဦးဝင်းတင်ရဲ့မေးခွန်းကို သတင်းဂျာနယ်များပေါ်မှာ မြင်နေရတဲ့ အန်ကယ့်ရဲ့အသက်မဲ့ ခန္ဓာကိုယ်ကိုကြည့်ပြီး စိတ်ထိခိုက်ကြေကွဲစွာနဲ့ဖြေခဲ့ပါတယ်။‘

မှန်ပါတယ်အန်ကယ်ရယ်။ အမှန်တရားဆိုတာ ဖော်ကိုဖော်ထုတ်ရမယ့် အရာပါ။ ဘာကြောင့်လည်းဆိုရင် အန်ကယ်ဦးကိုယုပြောသလို‘ အမှန်တရားကို ဖော်ထုတ်ခြင်းကသာ မမှန်တရားတွေဖြစ်တဲ့ အနိုင်ကျင့်မှု၊ စော်ကားမှုနဲ့ နှိပ်စက်မှုတွေကိုတားဆီးနိုင်မှာမို့လို့ပါ’။

ဒါ့ကြောင့် အရင်းအနှီးကြီးစွာ ပေးဆပ်ခဲ့ရတဲ့အဲ့ဒီ့လူငယ်ကလေးဟာ သူရှင်သန်ခဲ့တဲ့ အချိန်တစ်ခုလုံးမှာ လည်း အာဏာပိုင်တွေရဲ့ရက်စက်လှတဲ့ အညှိုးတကြီး တုန့်ပြန်မှုတွေကို ခံခဲ့ရတာ ယနေ့ထိပါပဲ။

ဒါပေမယ့်လည်း အဲ့ဒီ့လူငယ်ကလေးကတော့ သူ့ဆရာတွေသေသည်အထိ မလွတ်တန်းဆုပ်ကိုင်ထားခဲ့တဲ့ ခံယူချက်ကို သူကလည်သူသေသည်ထိ ဆုပ်ကိုင်သွားဖို့ သံဓိဌာန်ချခဲ့ပါတယ်။

‘အဲ့ဒီ့လူငယ်လေး’ ဟာတခြားသူ မဟုတ်ပါဘူး။‘ကျတော်’ ပါပဲ မနှင်းနု။

မနှင်းနုနေရာမှာကျတော်သာဆိုရင်တတိုင်းပြည်လုံးအလွတ်မပေး စောင့်ကြည့်နေတဲ့။နေပြည်တော် တရားရုံးရှိရာကိုတည့်တည့်ကြည့်ပြီးတန်းတန်းမတ်မတ်လျှောက်လာမှာပါ။အဲ့ဒီ့အချိန်မှာလူတွေ ဘယ်လိုတုန့်ပြန်တုန့်ပြန်ကျတော်ရင်ဆိုင်မှာပါ။မနှင်းနုက တရားခံမှမဟုတ်ပဲ။

တရားလိုပြ သက်သေဖြစ်သလို တရားခံပြသက်သေလည်းဖြစ်တာပဲ။ မနှင်းနုသာ တည့်တည့်လျှောက်မယ်ဆိုရင် ဒီအမှုမှာ အပြစ်မရှိသူတွေ လွတ်ပြီး အပြစ်ရှိသူတွေသာ ပြစ်ဒါဏ်ခံရမှာပါ။

ဒါဆိုတရားပါပြီ။ ကျတော်တို့ အမှန်တရားရဖို့ မနှင်းနု အကူအညီ အများကြီးလိုအပ်နေပါတယ်။ အဖြစ်မှန်ကိုပြောလိုက်ရုံလေးပါ။ ရှောင်နေတာဟာ မနှင်းနု ကိုယ့်ဘဝကိုယ် သတ်နေသလိုပါပဲ။

လူထုက မရိုင်းပါဘူး။မနှင်းနု မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်ရင် အားလုံးနားလည်သဘောပေါက်မှာပါ။ မနှင်းနု ရုံးတော်ကို သက်သေအနေနဲ့ လာချင်မလား။

တရားခံအနေနဲ့ လာချင်မလား။ အပြင်းအထန် စဉ်းစားပါတော့ မနှင်းနု။

လေးစားစွာဖြင့် credit

Be the first to comment

Leave a Reply

Your email address will not be published.


*