“ရေဘေးအတွက် သိန်း (၈၀) ကျော် သွားရောက်လှူဒါန်းပြီးပြီဆိုတဲ့ ချမ်းချမ်း”

ပြီးခဲ့တဲ့ ရက်ပိုင်းလေးတင် မျက်စိတမှိတ်အတွင်းမှာ ဖြစ်ပျက်သွားခဲ့တဲ့ မွန်ပြည်နယ်ရဲ့ ဖြစ်ရပ်ဆိုး တစ်ခုကြောင့် မြန်မာပြည်သူပြည်သားတွေအားလုံး စိတ်မကောင်း ဖြစ်နေကြရတာပါ။

ကူညီထောက်ပံ့မှုတွေလည်း အသီးသီး ပြုလုပ်နေကြတာတွေ့ရပြီး အနုပညာရှင်တွေကလည်း သူတို့ရဲ့ပရိသတ်တွေ၊ အလှူရှင်တွေစုပြီး ကိုယ်စား သွားရောက် လှူဒါန်းနေကြတာတွေလည်း ရရှိပါတယ်။

လတ်တလောမှာတော့ အဆိုတော် ချမ်းချမ်းက သူမကိုယ်တိုင် မွန်ပြည်နယ်သို့ ဆင်းပြီး သိန်း (၈၀) ကျော်အထိ လှူဒါန်းခဲ့တဲ့အကြောင်းနဲ့ လက်ထဲမှာလည်း အလှူငွေ သိန်း ၂၀ ရှိနေသေးတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

သူမကိုယ်တိုင်လည်း မတည်ပြီး အလှူရှင်တွေစုကာ သွားလှူခဲ့တဲ့ ချမ်းချမ်းရဲ့အလှူကတော့ တကယ့်ကို ထိရောက်တဲ့ အကူအညီ ဖြစ်စေမှာပါနော်။

ချစ်ပရိသတ်တွေအတွက် အရမ်းကို ထိရောက်တဲ့ အလှူလေးတစ်ခုကို မွန်ပြည်နယ်အထိ သွားရောက်လှူဒါန်းခဲ့တဲ့ ချမ်းချမ်းရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ချမ်းချမ်းကတော့ “၇ရက်​သားသမီးများကိုအထူး​ကျေးဇူးတင်​ပါတယ်​… မ​နေ့က သွားလှုခဲ့တာ စုစု​ပေါင်း​ငွေသား သိန်း၇၀ ​ရေ​ဘေးအဝတ်​အထည်​ ၄​ထောင်​​ကျော်​ အတွက်​ ၅သိန်း၂သောင်း ​ကော်​ဖီထုပ်​.​ကွေကာထုပ်​.နို့မှုန့်​ထုပ်​ ၂အမျိုးသမီးလစဉ်​သုံး အထုပ်​သိန်း၆သောင်း…​ ပေါင်​မုန့်​နဲ့ မုန့်​ကြွပ်​၃သောင်း.​ရေသန့်​ ကဒ်​ ၁၀၀ ၁သိန်း၆သောင်း စတာ​တွေအတွက်​ ကုန်​ကျ​ငွေစုစု​ပေါင်း ၁၀သိန်း၂သောင်းကျမတို့စုစု​ပေါင်း သိန်​ ၉၀နဲ့၅သောင်းရရှိပါတယ်​…

လက်​ထဲမှာ ​ငွေသား ၁၀သိန်း၃သောင်း​ကျော်​ ကျန်​ပါ​သေးတယ်​ ​ကျေးဇူးအထူးတင်​ပါတယ်​​ စေတနာရှင်​များရှင်​ အချိန်​မရလို့ လက်​​ရေးမလှဖြစ်​သွားရင်​ ခွင့်​လွှတ်​ပါ… မ​နေ့က မန်းတ​လေးမှ ​ဒေါက်​တာဆရာမ မသီတာမြင့်​မှ 10သိန်းကို mobile banking ဖြင့်​လွှဲထားပါသည်​…

ဒါ​ကြောင့်​​ လော​လောဆယ်​ သိန်း၂၀နဲ့ ၃သောင်းကျန်​ရှိ​နေပါတယ်​.” ဆိုပြီး စာရင်းနဲ့တကွ သူမရဲ့လူမှုကွန်ယက်မှာ အသေးစိတ် ရေးသားထားတာပါ။

ရေဘေးကြောင့် လုံခြုံရာနေရာသို့ ပြောင်းရွှေ့နေရတဲ့ ပြည်သူတစ်ချို့…။

ချစ်ပရိသတ်တွေလည်း တကယ်ကို လိုအပ်နေတဲ့ ရေဘေးသင့်နေရာတွေကို သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တဲ့ ချမ်းချမ်းနဲ့ ပါဝင်ကူညီကြတဲ့ အလှူရှင်တွေအကုန်လုံးရဲ့ကုသိုလ်ကို သာဓုခေါ်သွားကြပါဦးနော်။

Myint Myat
Source;Chan Nyein’s Facebook

Be the first to comment

Leave a Reply

Your email address will not be published.


*