“ပွဲတက်​လာသူ​တွေရဲ့ရင်​ကို ​အေးမြ​စေခဲ့တဲ့ ချစ်​သု​ဝေရဲ့ မြန်​မာဆန်​ဆန်​အလှ”

နိုင်ငံကျော် သရုပ်ဆောင် အဆိုတော်မလေး ချစ်သုဝေက​တော့ ပရိသတ်​​တွေအတွက်​ အသစ်​အသစ်​​သော အနုပညာ​တွေကို ချပြ​နေသူတစ်ဦးပါ။

အမြွာသမီး​လေး နှစ်​​ယောက်​ကို ပိုင်​ဆိုင်​ထားတဲ့ ချစ်​သု​ဝေက​တော့ အခုအချိန်​ထိကို အပျို​လေးလို လန်းဆန်းလှပ​နေဆဲပါပဲ။

လတ်​တ​လောမှာ​တော့ ချစ်​သု​ဝေက ပန်း​ရောင်​ဖက်​ရှင်​​လေးနဲ့ မြန်​မာဆန်​ဆန်​​လေးလှ​နေတဲ့ သူမရဲ့ ပုံရိပ်​​တွေကို လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။

တစ်​​နေ့ကမှ အသက်​ ၃၅ နှစ်​ပြည့်​သွားတဲ့ ချစ်​သု​ဝေက​တော့ တစ်​နှစ်​ထက်​တစ်​နှစ်​ကို ပိုပိုပြီး လှလာတာပါ​နော်​။

ချစ်​ပရိသတ်​​တွေအတွက်​ မြင်​ရသူ​တွေကို ရင်​​အေး​စေ​လောက်​​အောင်​ကို လှ​ရက်​လွန်းတဲ့ ချစ်​​သု​ဝေရဲ့ အလှပုံရိပ်​​တွေကို ​ဝေမျှ​ပေးလိုက်​ပါတယ်​​နော်​။

မထက်​က​တော့ ” ပန်းလှိုင်စီလုံဆေးရုံက မိခင်နို့တိုက်ကျွေးခြင်း ရက်သတ္တပတ် အထိမ်းအမှတ်အနေနဲ့ကျင်းပတဲ့ panel discussion ပွဲလေး.. နို့တိုက်ကျွေးခြင်းဗဟုသုတတွေ အတွေ့အကြုံတွေကို ဝေမျှရင်း မေမေတွေ မေးသမျှဖြေရတာ မနေ့က အတော်ပျော်စရာကောင်းခဲ့တယ်..

ချစ်စရာ သိပ်ကောင်းတဲ့ မိန်းမအပေါ် ကြင်နာတဲ့ ဖေဖေတွေလည်းတွေ့ခဲ့ လို့ စိတ်ထဲအတော်ကျေနပ်မိတယ် ဝတ်စုံလေးကို ရိုးရာမပျက် အမြန်စီစဉ်ပေးလို့ ကျေးဇူးပါ မင်းသက်ရေ Minn Thet Saen ” ဆိုပြီး သူမရဲ့အလှပုံရိပ်​​လေး​တွေကို လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာပါ။

အိမ်​​ရောက်​တာနဲ့ ချွဲလွန်းတဲ့ သမီး​တွေကို ​ချော့ရတဲ့ ​မေ​မေ…

ချစ်သုေ​ဝက ​တော့ လက်​ရှိမှာ အနုပညာအလုပ်တွေထက် လက်ရှိမှာ ချစ်စရာသမီးလေး နှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့ သစ်တို့ကို အချိန်ပေးရင်း မိသားစုလေးနဲ့ အတူဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်ေ​​တွလည်း အရမ်းပို ချစ်ဖို့​​ကောင်းတဲ့ အမြွာေ​​​လး ​တွေရဲ့ ​မေ​မေကိုချစ်​ရင်​ share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Credit-Momolay

Be the first to comment

Leave a Reply

Your email address will not be published.


*