




 



ကူညီယိုင်းပင်းနိုင်ရေး၊ ဗုဒ္ဓဘာသာဝင် လူသားအားလုံး၏ လူမှုဘဝသာယာကာတစ်သွေးတည်း တစ်သားတည်း ရပ်တည်နိုင်ရေးတို့ကို ရည်ရွယ်ရှေးရှု၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

 



 




Credit: Pyi Myanmar

Unicode

“ဗုဒ္ဓဘာသာဝင်များအတွက် ဝမ်းသာစရာသတင်း… ရန်ကုန်တွင် အာရှဗုဒ္ဓဘာသာအသင်းချုပ်ရုံးဖွင့်လှစ်”

ရန်ကုန်တွင် အာရှဗုဒ္ဓဘာသာအသင်းချုပ်ရုံးဖွင့်လှစ်

နိုင်ငံပေါင်း ၁၂ နိုင်ငံပါဝင်သော အာရှဗုဒ္ဓဘာသာ အသင်းချုပ်ရုံး ဖွင့်လှစ်ပွဲအခမ်းအနားက ိုမြန်မာနိုင်ငံထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ

သာသနာနုဂ္ဂဟအသင်း (ဗဟို)ကဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် တံတားလေးလမ်းဝ ဇမ္ဗူသီရိဗိမာန်တော်၌ ယနေ့ နံနက်က ကျင်းပခဲ့သည်။

မြန်မာနိုင်ငံသည် ထေရဝါဒငါးနိုင်ငံတွင် ဦးဆောင်နိုင်ငံဖြစ်သော်လည်း ကမ္ဘာ့သာသနာပြုလုပ်ငန်းတွင ်မူနောက်ကျကျန်လျက် ရှိနေသေးသည့် အတွက်ယင်းကိုမြှင့်တင်သည့် အနေဖြင့်

အာရှတိုက်အတွင်းရှိ ဗုဒ္ဓဘာသာဝင်များနှင့် ပူးပေါင်းကာ ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေး၊ ဗုဒ္ဓဘာသာဝင ်အချင်းချင်းအပြန်အလှန ်

ကူညီယိုင်းပင်းနိုင်ရေး၊ ဗုဒ္ဓဘာသာဝင် လူသားအားလုံး၏ လူမှုဘဝသာယာက ာတစ်သွေးတည်း တစ်သားတည်း ရပ်တည်နိုင်ရေးတို့ကို ရည်ရွယ်ရှေးရုှ၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ထိုင်းနိုင်ငံမဟာ ချူလာယောင်ကွန်တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အမှူးပြုသောသင်ကြားစီမံ ဆရာတော်များနှင့် တာဝန်ရှိပုဂ္ဂိုလ်မျာ ၊နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်

ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဏိတ အဂ္ဂမဟာဂန္တဝါစကပဏ္ဏိတ ဒေါက်တာဘဒ္ဒန္တကုမာရ၊ ဒုတိယကျိုက်ထီးဆောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိ ကတဇဒေါက်တာ ဘဒ္ဒန္တနာဂဒီပ

အမှူးပြုသောသံဃာတော်များ ၊သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနြ ပည်ထောင်စုဝန်ကြီးသူဦးအောင်ကိုနှင ့်တာဝန်ရှိပဂ္ဂိုလ်များ ၊မြန်မာနိုင်ငံလုံး ဆိုင်ရာထေရဝါဒ

ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်း(ဗဟို)ဥက္ကဌဝဏ္ဏကျော်ထင်ဒေါက်တာဦးခင်ရွှေနှင့် အသင်းဗဟိုကော်မတီဝင်များ၊

ထိုင်း၊ကမ္ဘောဒီးယား၊ လာအို၊သီရိလင်္က ာ၊အန္ဒိယ၊စင်္ကာပူ၊ ဗီယက်နမ်၊တရုတ်၊ ကိုရီးယား၊ အင်ဒိုနီးရှား ၊ထိုင်ဝမ်နိုင်ငံများမှဗ ုဒ္ဓဘာသာကိုယ်စားလှယ်များနှင့် ဧည့်ပရိတ်သတ်များ ရာနှင့်ချီ၍ တက်ရောက်ခဲ့ကြသည်။

Credit: Pyi Myanmar

Be the first to comment

Leave a Reply

Your email address will not be published.


*