







Unicode

သစ်တံခါးဆရာတော်ကြီးဆီ သွားရောက်ဖူးမျှော်ခဲ့ကြတဲ့ ဖစ်ဖစ်တုန်နဲ့ချစ်ချစ်တုန်တို့ညီအစ်ကိုနှစ်ယောက်

ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကြောင့် ကြည်နူးနေရတာကတော့ အဆိုတော်အာဇာနည်ပဲ ဖြစ်ပါတယ်။

သူဟာ အဆိုကောင်းရုံသာမကပဲ မိသားစုကိုလည်း အရမ်းချစ်တဲ့သူတစ်ယောက်ပါ။ သူတို့ရဲ့ မိသားစုပုံရိပ်လေးတွေကိုကြည့်ပြီး ပရိသတ်တွေက အားကျနေရတာပါ။

ဖစ်ဖစ်တုန်နဲ့ချစ်ချစ်တုန်ဟာလည်း ပညာရေးမှာလည်း ထူးချွန်တာကြောင့် ဖေဖေနဲ့မေမေကတော့ ကြည်နူးနေရတာပါ။ သားလေးတွေဟာလည်း အဖေချော

အမေချောဖြစ်တာကြောင့် နှစ်ယောက်လုံးချစ်ဖို့ကောင်းလွန်းနေတာပါ။ အာဇာနည်ဟာ ကလေးတွေကျောင်းပိတ်ရက်များတွင်လည်း ခရီးတွေထွက်ကာ အပန်းဖြေလေ့ရှိတာလည်း ဖြစ်ပါတယ်။

ဘာသာရေးလည်း ကိုင်းရှိုင်းလွန်းတဲ့ သူတို့မိသားစုလေးဟာ အခုတစ်ခေါက်မှာလည်း သစ်တံခါးဆရာတော်ကြီးဆီသွားရောက်ဖူးမျှော်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

သူတို့ရဲ့ ပုံရိပ်လေးတွေကိုလည်း အာဇာနည်ရဲ့ လူမှုကွန်ယက်စာမျက်နှာ ဝေမျှထားတာပဲဖြစ်ပါတယ်။ ပရိစသတ်ကြီးလည်း ကြည့်ရှုနိုင်အောင် သူတို့မိသားစုပုံရိပ်လေးတွေ တင်ဆက်ပေးလိုက်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*