အသက္​ ၁၀၅ ႏွစ္​ အထိ က်န္​းမာစြာ​ေနထိုင္​သြားတဲ့ ဂ်ပန္သမား​ေတာ္​ၾက​ီးရဲ႕ သက္​​ေတာ္​႐ွည္​ရျခင္​းလ်ွိဳ႕ဝွက္​ခ်က္​

အသက္​ ၁၀၅ ႏွစ္​ အထိ က်န္​းမာစြာ​ေနထိုင္​သြားတဲ့ ဂ်ပန္သမား​ေတာ္​ၾက​ီးရဲ႕ သက္​​ေတာ္​႐ွည္​ရျခင္​းလ်ွိဳ႕ဝွက္​ခ်က္​

ၿပီးခဲ့တဲ့ ရက္​ပိုင္​းအတြင္​းမွာပဲ ဂ်ပန္​ႏိုင္​ငံဟာ သူတို႔အတြက္​ရတနာတစ္​ဆူလို တန္​ဖိုးထားရတဲ့ သက္​​ေတာ္​႐ွည္​သမား​ေတာ္​ ​ေဒါက္​တာ ​Hinohara ကို ဆံုး႐ွံုးခဲ့ရပါတယ္​။

သူဟာ လူတစ္​​ေယာက္​အ​တြက္​ အသက္​႐ွည္​၊ အနာမဲ့စြာနဲ႔ ​ေနထိုင္​ႏို္​င္​မယ္​့နည္​းလမ္​းကို ​ေလ့လာသု​ေတသနျပဳခဲ့တဲ့ ပညာ႐ွင္​တစ္​ဦးျဖစ္​ၿပီး

သူကိုယ္​တိုင္​လည္း အသက္​ ၁၀၅ ႏွစ္​အထိ က်န္​းမာအသက္​႐ွည္​စြာ ​ေနထိုင္​ၿပီးသူ႕ရဲ့နည္​းလမ္​းကို ကိုယ္​​ေတြ႕ သက္​​ေသျပသြားခဲ့သူျဖစ္​ပါတယ္​။

သူက အစားအသာက္​ကို သတိႀကီးစြာနဲ႔ ခ်င္​့ခ်င္႔ခ်ိန္ခ်ိန္​​စားသံုးသူ မဟုတ္​ပါဘူး။ သူဟာ အလုပ္​နဲ႔ ကိုယ္​ပိုင္​ဘဝကို ဟန္​ခ်က္​ညီမ်ွ​ေအာင္​ အခ်ိန္​သတ္​မွတ္​ၿပီး​ေနထိုင္​လုပ္​ကိုင္​ခဲ့သူမဟုတ္​ပါဘူး။

ဒါဆို အိပ္​ခ်ိန္​လံုလံု​ေလာက္​​ေလာက္​ နဲ႔ အိပ္​တတ္​သူလားဆို​ေတာ့လည္​း မဟုတ္​ျပန္​ပါဘူး။

ဒါဆို သူဒီ​ေလာက္​ႏွစ္​​ေတြအမ်ားႀကီး က်န္​းမာအသက္​႐ွည္​စြာ​ေနထိုင္​သြားႏိုင္​ခဲ့တဲ့ လ်ွိဳ႕ဝွက္​ခ်က္​ကဘာလဲ ?

သူက တစ္​ရက္​ ၁၈နာရီ အလုပ္​လုပ္​​​ေနတတ္​သူျဖစ္​ၿပီး တစ္​ပတ္​ကို ၇ ရက္​လံုးအလုပ္​လုပ္​တဲ့သူပါ။ သူက သူ​ေနထိုင္​ခဲ့ပံုကို အခုလို မ်ွ​ေဝခ်န္ထားရစ္​​​ခဲ့ပါတယ္​။

– လူရဲ႕ကာယဥာဏစြမ္​းအားဟာ ​ေပ်ာ္​ရႊင္​တဲ့ ​ေကာင္​းမြန္​တဲ့ခံစားခ်က္​​ေတြ​ျဖစ္​​ေပၚမႈ​ေၾကာင္​့ ရ႐ွိလာတာျဖစ္​တယ္​။ အိပ္​​ေကာင္​းျခင္​းအိပ္​လို႔၊ စား​ေကာင္​းျခင္​းစားရံုနဲ႔ မလံု​ေလာက္​ဘူး။

– စားခ်ိန္​၊ အိပ္​ခ်ိန္​ စသျဖင္​့ သတ္​သတ္​မွတ္​မွတ္​စည္​းကမ္​း ​ေတြလုပ္​ၿပီး ကိုယ္​့ရဲ႕ခႏၶာကိုယ္​ကုိ မႏွိပ္​စက္​သင္​့ဘူး။ က​ေလးဘဝမွာ လူ​ေတြဘယ္​လို ​ေနထိုင္​ခဲ့ၾကလဲဆိုတာ ျပန္​​ေတြးၾကည္​့ပါလား။ ​

ေပ်ာ္​​ရႊင္​တဲ့အခ်ိန္​​ေတြဆို ထမင္​း​ေမ့ဟင္​း​ေမ့ျဖစ္​ခဲ့ၾကတယ္​မဟုတ္​လား။ ဒီလို​ခံစားခ်က္​ကို လူႀကီးျဖစ္​လာတဲ့အထိလည္​း​ေမြးျမဴသြားသင္​့တယ္​။

– အသက္​႐ွည္​ခ်င္​တယ္​ဆိုရင္​​ေတာ့ အဝမလြန္​ေစနဲ႔။ မနက္​စာဆို ကြၽန္​​ေတာ္​က ​ေကာ္​ဖီ​ေသာက္​တယ္​။ ႏို႔တစ္​ခြက္​​ေသာက္​တယ္​။ လိ​ေမၼာ္​​ေဖ်ာ္​ရည္​ကိုသံလြင္​ဆီ​တစ္​ဇြန္​း ​ေရာ​ေသာက္​တယ္​။

​ေန႔လည္​စာကို ႏို႔နဲ႔ကြတ္​ကီးနည္​းနည္​းစားတယ္​။ အလုပ္​မ်ား​ေနရင္​​ေတာ့စားကိုမစားဘူး။ ညစာကို​ေတာ့အသီးအရြက္​ပဲ။ ငါးနဲ႔ထမင္​းနည္​းနည္​းပါမယ္​။ အဆီနည္​းတဲ့အသား ၁၀၀ ဂရမ္​ တစ္​ပတ္​ႏွစ္​ခါ ထည္​့စား​ေပးတယ္​။

ဒီ့ထက္​ပိုၿပီး ထူးျခားတာတစ္​ခုက​ေတာ့ Hinohara ရဲ႕ သက္​႐ွည္​​ေနထိုင္​နည္​းမွာ အႏုပညာနဲ႔ ​ေတးဂီတသံရယ္​၊ အိမ္​​ေမြးတိရစၦာန္​​​ေမြးထားျခင္​းရယ္​ဟာ ဆရာဝန္​သြားျပတာထက္​

ပိုအက်ိဳး႐ွိ​ေၾကာင္​း​ေထာက္​ခံထားခဲ့တာျဖစ္​ပါတယ္​။

” သိပၸံပညာတန္​ခိုးတစ္​ခုတည္​းနဲ႔ လူ​ေတြကိုကုသမႈ​ေပးလို႔မရပါဘူး။ ​ေရာဂါဘယ​ေတြဝင္​လာတယ္​ဆိုတာ ႏွလံုးသားနဲ႔ဆက္​စပ္​​ေနပါတယ္​။ ႏွလံုးသားရဲ႕က်န္​းမာမႈကိုလို္အပ္​ပါတယ္​။ ​

ေဆးဝါး​ေတြတင္​မဟုတ္​ လြတ္​လပ္​တဲ့အႏုပညာ​ေတြနဲ႔ပါ လူ​ေတြရဲ႕ႏွလံုးသားကို ကုသျပီး နာလန္​ထူ​ေပးရမွာျဖစ္​ပါတယ္​ ” လို႔ သူက ဆိုခဲ့ဖူးပါတယ္​။

ApannPyay ခ်စ္ပရိသတ္မ်ား အတြက္ ဗဟုသုတအ​ေနနဲ႔ တင္​ဆက္​​ေပးလိုက္​ရပါတယ္​။

EFIL ( ApannPyay )

Unicode

အသက်​ ၁၀၅ နှစ်​ အထိ ကျန်​းမာစွာ​နေထိုင်​သွားတဲ့ ဂျပန်သမား​တော်​ကြ​ီးရဲ့ သက်​​တော်​ရှည်​ရခြင်​းလျှို့ဝှက်​ချက်​

ပြီးခဲ့တဲ့ ရက်​ပိုင်​းအတွင်​းမှာပဲ ဂျပန်​နိုင်​ငံဟာ သူတို့အတွက်​ရတနာတစ်​ဆူလို တန်​ဖိုးထားရတဲ့ သက်​​တော်​ရှည်​သမား​တော်​ ​ဒေါက်​တာ ​Hinohara ကို ဆုံးရှုံးခဲ့ရပါတယ်​။

သူဟာ လူတစ်​​ယောက်​အ​တွက်​ အသက်​ရှည်​၊ အနာမဲ့စွာနဲ့ ​နေထိုင်​နို်​င်​မယ်​့နည်​းလမ်​းကို ​လေ့လာသု​တေသနပြုခဲ့တဲ့ ပညာရှင်​တစ်​ဦးဖြစ်​ပြီး

သူကိုယ်​တိုင်​လည်း အသက်​ ၁၀၅ နှစ်​အထိ ကျန်​းမာအသက်​ရှည်​စွာ ​နေထိုင်​ပြီးသူ့ရဲ့နည်​းလမ်​းကို ကိုယ်​​တွေ့ သက်​​သေပြသွားခဲ့သူဖြစ်​ပါတယ်​။

သူက အစားအသာက်​ကို သတိကြီးစွာနဲ့ ချင်​့ချင့်ချိန်ချိန်​​စားသုံးသူ မဟုတ်​ပါဘူး။ သူဟာ အလုပ်​နဲ့ ကိုယ်​ပိုင်​ဘဝကို ဟန်​ချက်​ညီမျှ​အောင်​ အချိန်​သတ်​မှတ်​ပြီး​နေထိုင်​လုပ်​ကိုင်​ခဲ့သူမဟုတ်​ပါဘူး။

ဒါဆို အိပ်​ချိန်​လုံလုံ​လောက်​​လောက်​ နဲ့ အိပ်​တတ်​သူလားဆို​တော့လည်​း မဟုတ်​ပြန်​ပါဘူး။

ဒါဆို သူဒီ​လောက်​နှစ်​​တွေအများကြီး ကျန်​းမာအသက်​ရှည်​စွာ​နေထိုင်​သွားနိုင်​ခဲ့တဲ့ လျှို့ဝှက်​ချက်​ကဘာလဲ ?

သူက တစ်​ရက်​ ၁၈နာရီ အလုပ်​လုပ်​​​နေတတ်​သူဖြစ်​ပြီး တစ်​ပတ်​ကို ၇ ရက်​လုံးအလုပ်​လုပ်​တဲ့သူပါ။ သူက သူ​နေထိုင်​ခဲ့ပုံကို အခုလို မျှ​ဝေချန်ထားရစ်​​​ခဲ့ပါတယ်​။

– လူရဲ့ကာယဉာဏစွမ်​းအားဟာ ​ပျော်​ရွှင်​တဲ့ ​ကောင်​းမွန်​တဲ့ခံစားချက်​​တွေ​ဖြစ်​​ပေါ်မှု​ကြောင်​့ ရရှိလာတာဖြစ်​တယ်​။ အိပ်​​ကောင်​းခြင်​းအိပ်​လို့၊ စား​ကောင်​းခြင်​းစားရုံနဲ့ မလုံ​လောက်​ဘူး။

– စားချိန်​၊ အိပ်​ချိန်​ စသဖြင်​့ သတ်​သတ်​မှတ်​မှတ်​စည်​းကမ်​း ​တွေလုပ်​ပြီး ကိုယ်​့ရဲ့ခန္ဓာကိုယ်​ကို မနှိပ်​စက်​သင်​့ဘူး။ က​လေးဘဝမှာ လူ​တွေဘယ်​လို ​နေထိုင်​ခဲ့ကြလဲဆိုတာ ပြန်​​တွေးကြည်​့ပါလား။ ​

ပျော်​​ရွှင်​တဲ့အချိန်​​တွေဆို ထမင်​း​မေ့ဟင်​း​မေ့ဖြစ်​ခဲ့ကြတယ်​မဟုတ်​လား။ ဒီလို​ခံစားချက်​ကို လူကြီးဖြစ်​လာတဲ့အထိလည်​း​မွေးမြူသွားသင်​့တယ်​။

– အသက်​ရှည်​ချင်​တယ်​ဆိုရင်​​တော့ အဝမလွန်​စေနဲ့။ မနက်​စာဆို ကျွန်​​တော်​က ​ကော်​ဖီ​သောက်​တယ်​။ နို့တစ်​ခွက်​​သောက်​တယ်​။ လိ​မ္မော်​​ဖျော်​ရည်​ကိုသံလွင်​ဆီ​တစ်​ဇွန်​း ​ရော​သောက်​တယ်​။

​နေ့လည်​စာကို နို့နဲ့ကွတ်​ကီးနည်​းနည်​းစားတယ်​။ အလုပ်​များ​နေရင်​​တော့စားကိုမစားဘူး။ ညစာကို​တော့အသီးအရွက်​ပဲ။ ငါးနဲ့ထမင်​းနည်​းနည်​းပါမယ်​။ အဆီနည်​းတဲ့အသား ၁၀၀ ဂရမ်​ တစ်​ပတ်​နှစ်​ခါ ထည်​့စား​ပေးတယ်​။

ဒီ့ထက်​ပိုပြီး ထူးခြားတာတစ်​ခုက​တော့ Hinohara ရဲ့ သက်​ရှည်​​နေထိုင်​နည်​းမှာ အနုပညာနဲ့ ​တေးဂီတသံရယ်​၊ အိမ်​​မွေးတိရစ္ဆာန်​​​မွေးထားခြင်​းရယ်​ဟာ ဆရာဝန်​သွားပြတာထက်​

ပိုအကျိုးရှိ​ကြောင်​း​ထောက်​ခံထားခဲ့တာဖြစ်​ပါတယ်​။

” သိပ္ပံပညာတန်​ခိုးတစ်​ခုတည်​းနဲ့ လူ​တွေကိုကုသမှု​ပေးလို့မရပါဘူး။ ​ရောဂါဘယ​တွေဝင်​လာတယ်​ဆိုတာ နှလုံးသားနဲ့ဆက်​စပ်​​နေပါတယ်​။ နှလုံးသားရဲ့ကျန်​းမာမှုကိုလို်အပ်​ပါတယ်​။ ​

ဆေးဝါး​တွေတင်​မဟုတ်​ လွတ်​လပ်​တဲ့အနုပညာ​တွေနဲ့ပါ လူ​တွေရဲ့နှလုံးသားကို ကုသပြီး နာလန်​ထူ​ပေးရမှာဖြစ်​ပါတယ်​ ” လို့ သူက ဆိုခဲ့ဖူးပါတယ်​။

ApannPyay ချစ်ပရိသတ်များ အတွက် ဗဟုသုတအ​နေနဲ့ တင်​ဆက်​​ပေးလိုက်​ရပါတယ်​။

EFIL ( ApannPyay )

Be the first to comment

Leave a Reply

Your email address will not be published.


*