ဘယ္ဟာ ဘယ္​​ေလာက္​သံုးရင္​ မီတာ (၁) ယူနစ္​ က်မလဲ?

ဘယ္ဟာ ဘယ္​​ေလာက္​သံုးရင္​ မီတာ (၁) ယူနစ္​ က်မလဲ?

မီတာ ၁ ယူနစ္ဆိုတာ…

1 KWH ၁ ကီလို၀ပ္နာရီ ဆိုလိုတာက တနာရီအၾကာကာလမွာ ၁ ကီလို၀ပ္(1000 ၀ပ္) သုံးစြဲလိုက္ရင္ ၁ ယူနစ္ သတ္မွတ္ပါတယ္။

အလင္းေရာင္ရဖို႔ မီးသုံးစြဲမႈကို အၾကမ္းဖ်ဉ္း တြက္ၾကရေအာင္။ ၄ ေပ မီးေခ်ာင္း ၁ ေခ်ာင္းဟာ ေရဘုယ်အားျဖင့္ ၄၀ ၀ပ္ပါ။

တနာရီၾကာဆက္တိုက္ထြန္းထားရင္ သုံးစြဲပမာဏ ၀ပ္ ၄၀ ေပါ့။ ၂၅ နာရီၾကာသုံးရင္ ဝပ္ ၁၀၀၀ ျဖစ္လို႔ ၄ မီးေခ်ာင္း ၁ ေခ်ာင္းကို

၂၅ နာရီၾကာသုံးရင္ တယူနစ္တက္ပါမယ္။၂ ေပ ေခ်ာင္းဆိုရင္ နာရီ ၅၀ ၾကာသုံးမွ တယူနစ္ တက္ပါမယ္။

အရပ္ေခၚ ဒယ္နီ လို႔ေခၚၾကတဲ႔ လွ်ပ္စစ္ဟင္းခ်က္ဒယ္အိုးသုံးတယ္ဆိုပါစို႔။သူ႔၀ပ္အားက အပူထိန္းညွိႏိူင္တာျဖစ္လို႔ ပုံေသမတြက္ဘဲ ပ်မ္းမွ်ယူတြက္ၾကရေအာင္ပါ။ (၀ပ္ ၁၆၀၀ အျမင့္ဆုံးပါ)

အပူခ်ိန္ေလွ်ာ့သုံးခ်ိန္ေတြနဲ႔ ၀ပ္ ၁၀၀၀ ထားတြက္ပါစို႔။ တနာရီၾကာသုံးရင္ တယူနစ္တက္ပါမယ္။ ဟင္းတခြက္ကို ၁၄-၅ နာရီခ်က္ရတာမ်ိဳး ရွိပါသလား

အိမ္ရွင္မတို႔ အိမ္ရွင္ထီးတို႔။ အိမ္ရွင္ဂန္ဒူးတို႕?? :p :p မေျဖပါနဲ႔။ တရက္မွာ ဒယ္နီနဲ႔ ဟင္းခ်က္ခ်ိန္ ၂ နာရီ ပဲထားပါေတာ့။

ထမင္းေပါင္းအိုးဆိုတဲ႔ Rice Cooker နဲ႔ မနက္/ည ၂ခါျပန္ခ်က္။ ၂ ယူနစ္အျပင္ပိုမတက္ပါ။ဒါ ပိုတြက္ထားတာပါ။ထမင္းတအိုး နာရီဝက္ထက္ပိုမၾကာပါဘူး။

ညဖက္နားခ်ိန္ TV ၾကည့္ပါ။ ၅ နာရီဆက္တိုက္ၾကည့္ပါ။ တယူနစ္ ၀န္းက်င္တက္ပါမယ္။ သိပ္မ်ားတယ္ထင္ရင္ TV ၾကည့္ခ်ိန္ေလွ်ာ့ပါ။

မ်ဳိးထက္ေက်ာ္ခိုင္
ChawNyo

Unicode

ဘယ်ဟာ ဘယ်​​လောက်​သုံးရင်​ မီတာ (၁) ယူနစ်​ ကျမလဲ?

မီတာ ၁ ယူနစ်ဆိုတာ…

1 KWH ၁ ကီလိုဝပ်နာရီ ဆိုလိုတာက တနာရီအကြာကာလမှာ ၁ ကီလိုဝပ်(1000 ဝပ်) သုံးစွဲလိုက်ရင် ၁ ယူနစ် သတ်မှတ်ပါတယ်။

အလင်းရောင်ရဖို့ မီးသုံးစွဲမှုကို အကြမ်းဖျဉ်း တွက်ကြရအောင်။ ၄ ပေ မီးချောင်း ၁ ချောင်းဟာ ရေဘုယျအားဖြင့် ၄၀ ဝပ်ပါ။

တနာရီကြာဆက်တိုက်ထွန်းထားရင် သုံးစွဲပမာဏ ဝပ် ၄၀ ပေါ့။ ၂၅ နာရီကြာသုံးရင် ဝပ် ၁၀၀၀ ဖြစ်လို့ ၄ မီးချောင်း ၁ ချောင်းကို

၂၅ နာရီကြာသုံးရင် တယူနစ်တက်ပါမယ်။၂ ပေ ချောင်းဆိုရင် နာရီ ၅၀ ကြာသုံးမှ တယူနစ် တက်ပါမယ်။

အရပ်ခေါ် ဒယ်နီ လို့ခေါ်ကြတဲ့ လျှပ်စစ်ဟင်းချက်ဒယ်အိုးသုံးတယ်ဆိုပါစို့။သူ့ဝပ်အားက အပူထိန်းညှိနိူင်တာဖြစ်လို့ ပုံသေမတွက်ဘဲ ပျမ်းမျှယူတွက်ကြရအောင်ပါ။ (ဝပ် ၁၆၀၀ အမြင့်ဆုံးပါ)

အပူချိန်လျှော့သုံးချိန်တွေနဲ့ ဝပ် ၁၀၀၀ ထားတွက်ပါစို့။ တနာရီကြာသုံးရင် တယူနစ်တက်ပါမယ်။ ဟင်းတခွက်ကို ၁၄-၅ နာရီချက်ရတာမျိုး ရှိပါသလား

အိမ်ရှင်မတို့ အိမ်ရှင်ထီးတို့။ အိမ်ရှင်ဂန်ဒူးတို့?? :p :p မဖြေပါနဲ့။ တရက်မှာ ဒယ်နီနဲ့ ဟင်းချက်ချိန် ၂ နာရီ ပဲထားပါတော့။

ထမင်းပေါင်းအိုးဆိုတဲ့ Rice Cooker နဲ့ မနက်/ည ၂ခါပြန်ချက်။ ၂ ယူနစ်အပြင်ပိုမတက်ပါ။ဒါ ပိုတွက်ထားတာပါ။ထမင်းတအိုး နာရီဝက်ထက်ပိုမကြာပါဘူး။

ညဖက်နားချိန် TV ကြည့်ပါ။ ၅ နာရီဆက်တိုက်ကြည့်ပါ။ တယူနစ် ဝန်းကျင်တက်ပါမယ်။ သိပ်များတယ်ထင်ရင် TV ကြည့်ချိန်လျှော့ပါ။

မျိုးထက်ကျော်ခိုင်
ChawNyo

Be the first to comment

Leave a Reply

Your email address will not be published.


*