“မန္တလေးမြို့ ကျုံးအရှေ့ဘက်တွင်ထားရှိထားသော Food Box အတွင်းမှ မုန့်များ မိနစ်ပိုင်းအတွင်းမှာပင် ကုန်ဆုံး..”

“မန္တလေးမြို့ ကျုံးအရှေ့ဘက်တွင်ထားရှိထားသော Food Box အတွင်းမှ မုန့်များ မိနစ်ပိုင်းအတွင်းမှာပင် ကုန်ဆုံး..”

မန္တလေးမြို့ ကျုံးအရှေ့ဘက် ၆၆ လမ်း၊ ၂၂ *၂၃ လမ်းကြားမှာ မည်သူမဆို အခမဲ့စားသုံးနိုင်တဲ့ Food Box ကို One to One ပြည်သူကူညီရေး ပရဟိတအဖွဲ့က စီစဉ်ထားရှိပေးထားတာ ဖြစ်ပါတယ်။

 

ဆာလောင်မွတ်သိပ်နေသူတွေအတွက် ရည်ရွယ်ပြီး သောက်ရေသန့်တွေနဲ့ အဆာပြေမုန့်တွေကို ထည့်ထားပေးတဲ့ Food Box ကို လူအတော်များများ စိတ်ဝင်စားခဲ့ကြပါတယ်။

Food Box ထဲ မုန့်များ လာရောက်လှူဒါန်းနေသူများ

င်္Food Box ထဲတွင်လည်း လူမျိုးဘာသာမရွေး စားသုံးနိုင်ဖို့ ရည်ရွယ် ထည့်သွင်းပေးထားပြီး အလှူရှင်များလည်း လာရောက်လှူဒါန်းနေကြတာကို တွေ့ရမှာပါ။

လာရောက်လှူဒါန်းသူများ

ထို Food Box ထားရှိပြီးနောက် လာရောက်စားသုံးသူတွေ များပြားခဲ့ပြီး Food Box အတွင်းမှ အစားအသောက်များ မိနစ်ပိုင်းအတွင်းမှာပဲ ကုန်ခဲ့တယ်လို့ လူမှုကွန်ယက်ပေါ်မှာ ဗီဒီယိုတွေ ပျံ့နှံ့နေတာဖြစ်ပါတယ်။

video-ကြည့်ရန်

Source-Chit Yin Htoo

Be the first to comment

Leave a Reply

Your email address will not be published.


*