“ခ်စ္သူကို SURPRISE လုပ္ဖို႔သြားရာမွ မ်က္ရည္လည္ရြဲျဖစ္ကာ ေၾကကြဲခဲ့ရတဲ့ ေကာင္ေလး …”

“ခ်စ္သူကို SURPRISE လုပ္ဖို႔သြားရာမွ မ်က္ရည္လည္ရြဲျဖစ္ကာ ေၾကကြဲခဲ့ရတဲ့ ေကာင္ေလး …”

ႏွလံုးသား အေရးမွာ ရင္နင့္ေနေအာင္ ခ်စ္ရတဲ့ ကိုယ့္ခ်စ္သူေလးက တျခားတစ္ေယာက္နဲ႔ သစၥာေဖာက္ေနတယ္ဆိုတဲ့ အျဖစ္အပ်က္မ်ိဳးေလာက္ ဘယ္အျဖစ္အပ်က္ကမွ ေၾကကြဲစရာ မေကာင္းပါဘူး။

ကိုယ္နဲ႔ေတြ႕ရင္ေတာ့ အေကာင္း၊ ေနာက္ကြယ္မွာေတာ့ တျခားတစ္ေယာက္နဲ႔ ကိုယ္ထက္ေတာင္ ၾကည္ႏူးေနေသးတယ္ ဆိုတာမ်ိဳးက ေတြးမၾကည့္ရဲေလာက္ေအာင္ ဆိုးရြားလြန္းလွပါတယ္ေနာ္။

အကယ္၍ ခ်စ္သူေလးကို အံ့ၾသသြားေစဖို႔ သူမသိေအာင္ သြားေတြ႕ကာမွ သူကေတာ ့တျခားတစ္ေယာက္နဲ႔ ခ်စ္ၾကည္ႏူး တစ္တီတူးေနတဲ့ ျမင္ကြင္းကို မ်က္ဝါးထင္ထင္ေတြ႕လိုက္ရရင္ သင္ဆိုရင္ ဘာလုပ္မယ္လို႔ ေတြးမိသလဲ

ဒီအျဖစ္အပ်က္ကို ကိုယ္ေတြ႕ၾကံဳခဲ့ရသူကေတာ့ Ken Wong ဆိုတဲ့ လူငယ္ေလးပါပဲ။ Ken Wong ဟာ ဇြန္လ ၄ ရက္ေန႕မွာ က်ေရာက္တဲ့ ခ်စ္သူေကာင္မေလး ေမြးေန႕အတြက္ ပန္းစည္းေလးကိုင္ၿပီး surprise လုပ္ဖို႕အတြက္ မသိေအာင္ ေကာင္မေလးတိုက္ေအာက္ကို သြားခဲ့ပါတယ္။

ပန္းစည္းေတာင္ ရိုးရိုးမဟုတ္ဘဲ ပိုက္ဆံေတြထည့္ထားတဲ့ ပန္းစည္းေလးပါတဲ့….

ဒါေပမဲ့လည္း အိမ္ေအာက္ ကားပါကင္ကို ေရာက္တဲ့အခါ Ken Wong ကို သူခ်စ္လွပါခ်ည္ရဲ႕ဆိုတဲ့ ေကာင္မေလးက တျခားေကာင္ေလးကို ခြၿပီး အၾကာႀကီးဖက္ကာ ၾကည္ႏူးေနတဲ့ ျမင္ကြင္းေလးက ဆီးႀကိဳလို႕ေနခဲ့ပါတယ္။ ရင္ဝေဆာင့္ကန္လိုက္သလိုပါပဲ။

Surprise လုပ္မွာဆိုေတာ့ အေစာႀကီးကတည္းက Ken Wong က သူ႕ဖုန္းနဲ႔ ဗီဒီယိုရိုက္ကာ မွတ္တမ္းတင္ဖို႕ကို တစ္ခါတည္းျပင္ဆင္သြားခဲ့တာပါ။ ဒါေၾကာင့္လည္း ဒီအျဖစ္အပ်က္တစ္ခုလံုးကို မွတ္တမ္းတင္ႏုိ္င္ခဲ့တာပေါ့။

အစကေတာ့ အံ့ၾသၿပီး မယံုၾကည္ႏုိင္သလိုျဖစ္ကာ ရယ္ေနခဲ့ေပမယ့္လည္း ခဏအၾကာမွာပဲ ခံစားခ်က္ေတြ ထိန္းမရေတာ့ဘဲ မ်က္ရည္ေတြ အလိမ္းလိမ္းက်ကာ ေၾကကဲြပါေတာ့တယ္။

ဒီအျဖစ္အပ်က္ကို Ken Wong ကိုယ္တိုင္ Twitter မွာ တင္ထားခဲ့တာျဖစ္ၿပီး သူ႕ရဲ႕ Tweet post ေလးနဲ႔တကြ ျပန္လည္မွ်ေဝေပးလိုက္ရပါတယ္။

Penny

Unicode

ချစ်သူကို SURPRISE လုပ်ဖို့သွားရာမှ မျက်ရည်လည်ရွဲဖြစ်ကာ ကြေကွဲခဲ့ရတဲ့ ကောင်လေး …..

နှလုံးသား အရေးမှာ ရင်နင့်နေအောင် ချစ်ရတဲ့ ကိုယ့်ချစ်သူလေးက တခြားတစ်ယောက်နဲ့ သစ္စာဖောက်နေတယ်ဆိုတဲ့ အဖြစ်အပျက်မျိုးလောက် ဘယ်အဖြစ်အပျက်ကမှ ကြေကွဲစရာ မကောင်းပါဘူး။

ကိုယ်နဲ့တွေ့ရင်တော့ အကောင်း၊ နောက်ကွယ်မှာတော့ တခြားတစ်ယောက်နဲ့ ကိုယ်ထက်တောင် ကြည်နူးနေသေးတယ် ဆိုတာမျိုးက တွေးမကြည့်ရဲလောက်အောင် ဆိုးရွားလွန်းလှပါတယ်နော်။

အကယ်၍ ချစ်သူလေးကို အံ့သြသွားစေဖို့ သူမသိအောင် သွားတွေ့ကာမှ သူကတော ့တခြားတစ်ယောက်နဲ့ ချစ်ကြည်နူး တစ်တီတူးနေတဲ့ မြင်ကွင်းကို မျက်ဝါးထင်ထင်တွေ့လိုက်ရရင် သင်ဆိုရင် ဘာလုပ်မယ်လို့ တွေးမိသလဲ

ဒီအဖြစ်အပျက်ကို ကိုယ်တွေ့ကြုံခဲ့ရသူကတော့ Ken Wong ဆိုတဲ့ လူငယ်လေးပါပဲ။ Ken Wong ဟာ ဇွန်လ ၄ ရက်နေ့မှာ ကျရောက်တဲ့ ချစ်သူကောင်မလေး မွေးနေ့အတွက် ပန်းစည်းလေးကိုင်ပြီး surprise လုပ်ဖို့အတွက် မသိအောင် ကောင်မလေးတိုက်အောက်ကို သွားခဲ့ပါတယ်။

ပန်းစည်းတောင် ရိုးရိုးမဟုတ်ဘဲ ပိုက်ဆံတွေထည့်ထားတဲ့ ပန်းစည်းလေးပါတဲ့….

ဒါပေမဲ့လည်း အိမ်အောက် ကားပါကင်ကို ရောက်တဲ့အခါ Ken Wong ကို သူချစ်လှပါချည်ရဲ့ဆိုတဲ့ ကောင်မလေးက တခြားကောင်လေးကို ခွပြီး အကြာကြီးဖက်ကာ ကြည်နူးနေတဲ့ မြင်ကွင်းလေးက ဆီးကြိုလို့နေခဲ့ပါတယ်။ ရင်ဝဆောင့်ကန်လိုက်သလိုပါပဲ။

Surprise လုပ်မှာဆိုတော့ အစောကြီးကတည်းက Ken Wong က သူ့ဖုန်းနဲ့ ဗီဒီယိုရိုက်ကာ မှတ်တမ်းတင်ဖို့ကို တစ်ခါတည်းပြင်ဆင်သွားခဲ့တာပါ။ ဒါကြောင့်လည်း ဒီအဖြစ်အပျက်တစ်ခုလုံးကို မှတ်တမ်းတင်နို်င်ခဲ့တာပေါ့။

အစကတော့ အံ့သြပြီး မယုံကြည်နိုင်သလိုဖြစ်ကာ ရယ်နေခဲ့ပေမယ့်လည်း ခဏအကြာမှာပဲ ခံစားချက်တွေ ထိန်းမရတော့ဘဲ မျက်ရည်တွေ အလိမ်းလိမ်းကျကာ ကြေကွဲပါတော့တယ်။

ဒီအဖြစ်အပျက်ကို Ken Wong ကိုယ်တိုင် Twitter မှာ တင်ထားခဲ့တာဖြစ်ပြီး သူ့ရဲ့ Tweet post လေးနဲ့တကွ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

Penny

Be the first to comment

Leave a Reply

Your email address will not be published.


*