“ဒေါက်တာနန်းမွေစံရဲ့ မင်္ဂလာပွဲတုန်းက ဓာတ်ပုံတွေ ထွက်ပေါ်လာ”

နန်းမွေစံဆိုတဲ့ ဆရာဝန် မော်ဒယ်ချောချောလေးဟာ ဆိုရင် ပုရိသတွေရဲ့တခဲနက် အားပေးခြင်းခံရပြီး ပရိသတ်တွေ စွဲလန်းရူးသွပ်ရတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

နန်းမွေစံဟာ သူ့ရဲ့ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ စွဲမက်စရာ ခန္ဓာကိုယ်ကောက်ကြောင်း အလှတွေကြောင့် ပရိသတ်တွေ သတိမထားမိပဲမနေနိုင်အောင်ဖြစ်ပြီး အောင်မြင်မှု ရရှိလာခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။

နန်းမွေစံဟာ မကြာသေးမီတုန်းက မြန်မာ့ယဉ်ကျေးမှုနဲ့ မသင့်လျော်တဲ့ ဝတ်စားဆင်ယင်မှုကြောင့် ဆရာဝန်တစ်ဦးအနေနဲ့ ဆေးကုသခွင့် လိုင်စင်ပိတ်သိမ်းခံခဲ့ရပါတယ်။

နန်းမွေစံက အထွေထွေဆေးကုသခွင့် လိုင်စင်ကို ပိတ်သိမ်းလိုက်ကြောင်း အမိန့်ကြော်ငြာစာကို သူမရဲ့ page မှာ “လူ့အခွင့်အရေးဆိုတာ ဘာလဲ ဒီမိုကရေစီကရော ဘယ်မှာလဲ”လို့ အဓိပ္ပါယ်ရတဲ့ စာသားနဲ့အတူ တင်ထားခဲ့ပါတယ်။

ပရိသတ်တွေကတော့ အဲဒီ ပို့စ်အောက်မှာ နန်းမွေစံကို အားပေးနေကြပြီး စိတ်မကောင်းဖြစ်နေကြတဲ့သူတွေ မကျေမချမ်း ဖြစ်နေကြသူတွေလည်း ရှိနေတာမြင်ရပါတယ်။

ဒါပေမယ့် နန်းမွေစံကတော့ လိုင်စင်အသိမ်းခံလိုက်ရလို့ ဆက်ဆီမဝတ်ပဲနဲ့တော့ မနေဘူးလို့လည်း အင်တာဗျူးတွေမှာ ဖြေထားခဲ့ပါတယ်။

အခုလတ်တလော အဲဒီကိစ္စတွေအပြီးမှာ ပရိသတ်တွေကြားထဲပျံ့နှံ့လာတဲ့သတင်းတွေကတော့ နန်းမွေစံက ဗိုလ်မှူးတစ်ယောက်နဲ့ လက်ထပ်ခဲ့ဖူးတယ်ဆိုတာပါပဲ။

လွန်ခဲ့တဲ့ ငါးနှစ်ခန့် (၂၀၁၄ ) တုန်းက နန်းမွေစံဟာ ဗိုလ်မှူး စည်သူထက်ဆိုသူနဲ့ တရားဝင်လက်ထပ်ခဲ့ဖူးပြီး အဲဒီလက်ထပ်ပွဲတုန်းက ဓာတ်ပုံတွေက ပရိသတ်တွေကြားမှာပျံ့နှံ့လို့နေပါတယ်။

နန်းမွေစံက ဓာတ်ပုံတွေထဲမှာ တော်တော်လေးငယ်သေးတဲ့ပုံပေါက်နေပြီး နန်းမွေစံကို အိမ်ထောင်မရှိတဲ့ အပျိုလို့သာ ယုံမှတ်ထားခဲ့တဲ့ ပရိသတ်တွေအတွက်တော့ ဒီသတင်းတွေက ရုတ်တရက်လန့်ဖျပ်သွားစေခဲ့တာ အမှန်ပါပဲ။

ဓာတ်ပုံထဲမှာ မြင်ရသလောက်ကတော့ နန်းမွေစံက ဆူးလေ ရှန်ဂရီလာမှာ မင်္ဂလာဆောင်ခဲ့တာမို့ နှယ်နှယ်ရရတော့ မဟုတ်ဘူးပဲ ဆိုရမှာပါ။ ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက် နန်းမွေစံရဲ့မင်္ဂလာပွဲတုန်းက ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပြောချင်လွန်းလို့ ပရိသတ်ကြီးရော နန်းမွေစံကို အားပေးကြလား။ နန်းမွေစံက လက်ထပ်ခဲ့ဖူးကြောင်းသိရပြီး ဘယ်လိုခံစားသွားရလဲ။ ပြောခဲ့ကြပါဦး။

Credit: Can’t Wait To Say

Be the first to comment

Leave a Reply

Your email address will not be published.


*