



















Unicode

ကျွန်တော်တို့တွေ ဘဝမှာ စိတ်ဓာတ်ကျ အားငယ် ဘာမှ လုပ်ချင်စိတ်မရှိတာ ကြုံဘူးကြပါလိမ့်မယ် အဲ့ဒီလိုဖြစ်တိုင်း ကျွန်တော့ရဲ့ ဒီစာလေးကိုပြန်ဖတ်ပါ

ကျွန်တော်တို့ ဘဝမှ အောင်မြင်ဖို့ဆိုတာ စိတ်ဓာတ်တစ်ခုပဲ လိုပါတယ်။

ဘာစိတ်လဲဆိုတော့ အောင်မြင်ချင်တဲ့ စိတ်ဓာတ်ပါ။

အောင်မြင်ချင်စိတ် အမှန်တကယ်ရှိတဲ့ လူတစ်ယောက်ဟာ အောင်မြင်ဖို့အတွက် ကြိုးစားချင်တဲ့ စိတ်ရှိရမယ်။ ပြီးတော့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို မရရအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ရှိရမယ်။

ဘဝကို အရှုံးမပေးတဲ့ စိတ်ဓာတ်ရှိရမယ်။ ကျွန်တော်အပါအဝင် လူအတော်များများဟာ ကြုံဘူးကြမှာပါ။

အခက်အခဲတစ်ခုခုကြုံလာတာနဲ့ အရှုံးပေးချင်တဲ့ စိတ်ကို။ အဲ့ဒါက ကျွန်တော်တို့ ခင်ဗျားတို့အတွက် အကြီးဆုံး အတားအဆီးပါ။ အကြီးမားဆုံးသော အန္တရာယ်ပါ။

ကျွန်တော် ခဏခဏရေးဖူးတဲ့ စာလေးတစ်ကြောင်းရှိပါတယ်။

အကြိမ် ၁၀၀ ကျရှုံးခြင်းဟာ၊ သင့်အတွက် ကျရှုံးမှုကို ဖြစ်စေတဲ့ နည်းလမ်းပေါင်း ၁၀၀ ကို ရှာဖွေတွေ့ရှိခြင်းဆိုတာ မမေ့ပါနဲ့၊ အဲဒီကနေ့ သင်ခန်းစာရယူပြီး အောင်မြင်တဲ့ နည်းလမ်းကို ဖန်းတီပါ ”

ကျွန်တော်တို့တွေ ဘဝမှာ စိတ်ဓာတ်ကျ အားငယ် ဘာမှ လုပ်ချင်စိတ်မရှိတာ ကြုံဘူးကြပါလိမ့်မယ်။

အဲ့ဒီလိုဖြစ်တိုင်း ကျွန်တော့ရဲ့ ဒီစာလေးကိုပြန်ဖတ်ပါ။

အောင်မြင်ဖို့ရန် စိတ်ဓာတ်ပဲ လိုပါတယ်။

အောင်မြင်ချင်တဲ့ စိတ်ဓာတ်၊ ကြိုးစားချင်တဲ့ စိတ်ဓာတ်၊ အရှုံးမပေးတဲ့ စိတ်ဓာတ်။

လဲကျ ပြန်ထ၊ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့သင့်စိတ်ဓာတ်သာ ခိုင်မာစွာ ရှိနေရင်၊ ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိနေရင် ဘယ်လိုအရာမျိုးကမှ သင့် အောင်မြင်မှုကို မတားဆီးနိုင်ပါဘူး။

အောင်မြင်ဖို့ရာ စာဖတ်ပါ အောင်မြင်ရေး အတွေးအခေါ်များများတွေးပါ ရိုးရိုးကျင့် မြင့်မြင့်တွေးပါ၊ ကြံပါ။

သေချာတိကျ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ၊ အစီအစဉ်တွေ ချမှတ်ပါ။

အရေးအကြီးဆုံးအရာတစ်ခုဖြစ်တဲ့ သင်ဟာ ဒီလောကမှာ ဘယ်သူနဲ့မှ မတူတဲ့ ခွန်အားတွေ အရည်အချည်းတွေ ရှိတဲ့ တူနိုင်းမရနိုင်တဲ့ သူတစ်ဦးဆိုတာ မမေ့ပါနဲ့။

အောင်မြင်မှုက သင့်အတွက်ပါ သင့်ပါတ်ဝန်းကျင်အတွက်ပါ သင့်မိသားစု အတွက်ပါ သင် ချစ်ခင်ရသူတွေ အတွက်ပါ ဒါကြောင့် စိတ်တစ်ခုပဲ ခိုင်မာပါ

အဲ့ဒီစိတ်ကတော့အောင်မြင်ချင်တဲ့ သေချာတိကျ ခိုင်မာတဲ့ စိတ်ပါပဲ —

မောင်သက်နောင် – ဟင်္သာတ တက္ကသိုလ်

Be the first to comment

Leave a Reply

Your email address will not be published.


*