“ေစတနာမွန္တဲ့ ႀကိဳးစားမႈတိုင္းမွာ ရလဒ္ရွိတယ္”

ေစတနာမွန္တဲ့ ႀကိဳးစားမႈတိုင္းမွာ ရလဒ္ရွိတယ္

ကၽြန္ေတာ္တို႔ မိတ္ေဆြတစ္ေယာက္က လူသူ ရွင္းေသာ မကၠဆီကို ကမ္းေျခတစ္ေနရာမွာ သူေတြ႕ႀကံဳခဲ့ရသည့္ အျဖစ္အပ်က္ တစ္ခုကို ေျပာျပသည္။

ေန၀င္ဆည္းဆာအခ်ိန္ ကမ္းေျခမွာ သူတစ္ေယာက္တည္း ေလွ်ာက္သြားရင္းက ဟိုးအေ၀းဆီမွာ လူတစ္ေယာက္ လွမ္းျမင္ရ သည္။

နည္းနည္းနီးလာေတာ့ ေဒသခံ တစ္ေယာက္ျဖစ္ေၾကာင္း သတိျပဳမိသည္။

သည္လူက ကမ္းေျခေသာင္စပ္မွာ ကုန္းကုန္း ကုန္းကုန္းႏွင့္ သြားေနရာက တစ္စံုတစ္ရာကို ငံု႔ေကာက္ကာ ပင္လယ္ေရထဲ လႊင့္ပစ္သည္။

သည့္ေနာက္ အဲသည္လိုပဲ နည္းနည္း ေလွ်ာက္သြားလိုက္ တစ္ခုခုေတြ႔လွ်င္ ေကာက္ယူလုိက္ လႊင့္ပစ္လုိက္ လုပ္ေနသည္။

ကၽြန္ေတာ္တုိ႔မိတ္ေဆြ သူ႔အနားေရာက္ သြားၿပီး ေသေသခ်ာခ်ာ ၾကည့္ေတာ့ …

လိႈင္းႏွင့္ပါလာၿပီး သဲေသာင္ျပင္ေပၚ တင္က်န္ေနသည့္ ၾကယ္ငါးေတြကို ေရထဲ ျပန္ပစ္ထည့္ေပးေနျခင္း ျဖစ္ေၾကာင္း သိလိုက္ရသည္။

သည္လူ ဘာရည္ရြယ္ခ်က္ႏွင့္ လုပ္ေနသလဲ ကၽြန္ေတာ္တုိ႔ မိတ္ေဆြ စဥ္းစားမရ ျဖစ္သြား သည္။

သို႔ႏွင့္ သူ႔ကို ႏႈတ္ဆက္ၿပီး တည့္တည့္ပင္ ေမးၾကည့္သည္။

” မသိလုိ႔ ေမးပါရေစဗ်ာ… မိတ္ေဆြ ဘာလုပ္ေနတာပါလိမ့္ ”

” ၾကယ္ငါးေတြ သမုဒၵရာထဲ ျပန္ပုိ႔ေပးေန တာေလ။ ခင္ဗ်ား ျမင္တဲ့အတုိင္းပဲ။

အခု ဒီေရက်ခ်ိန္ ေသာင္ျပင္ေပၚမွာ တင္က်န္ခဲ့တဲ့ အေကာင္ေတြဟာ

ေရတက္တဲ့အခ်ိန္ အဲဒီေလာက္ၾကာရင္ ေအာက္ဆီဂ်င္ျပတ္ၿပီး ေသမွာပဲ”

”ဟုတ္ကဲ့……အဲဒါေတာ့ ကၽြန္ေတာ္လည္း သေဘာေပါက္ပါတယ္”

ကၽြန္ေတာ္တို႔ မိတ္ေဆြက ဆုိသည္။

”ဒါေပမယ့္ ဒီကမ္းေျခတစ္ေလွ်ာက္မွာ ၾကယ္ငါးေတြ ေထာင္ခ်ီၿပီး ရွိေနမွာေပါ့ဗ်ာ။

အဲဒီေကာင္ေတြ အားလံုး ခင္ဗ်ား ဘယ္လို လုိက္ေကာက္မလဲ။ တစ္ေယာက္တည္း မႏုိင္ႏုိင္ဘူးေလဗ်ာ။

ျပီးေတာ့ စဥ္းစားၾကည့္။ ဒီကမ္းရိုးတန္းတစ္ ေလွ်ာက္လံုးဆုိရင္ ခုလုိ သဲေသာင္ျပင္ေပါင္း ရာခ်ီရွိမွာေပါ့…

ဒီေသာင္စပ္တုိင္းမွာ ရွိေနမယ့္ ၾကယ္ငါးေတြ ဘယ္လုိလုပ္မလဲ။

သူ႔သဘာ၀နဲ႔သူ ျဖစ္ေနတာ။ ခင္ဗ်ား တစ္ေယာက္ေၾကာင့္ ဘာေတြ ထူးျခား ေျပာင္းလဲသြားႏုိင္မလဲ”

ေဒသခံပုဂိၢဳလ္က ၿပံဳးသည္။

ေနာက္ထပ္ ၾကယ္ငါးတစ္ေကာင္ ေကာက္သည္။ ထုိ႔ေနာက္…”တစ္ျခားေကာင္ေတြ အတြက္ မထူးျခားေပမယ့္ ေဟာဒီ ၾကယ္ငါးတစ္ေကာင္အတြက္ေတာ့

ထူးျခားသြားတာေပါ့ဗ်ာ”ဟု ဆိုကာ ပင္လယ္ေရထဲ လွမ္းပစ္ ထည့္လုိက္ေလသည္။

မူရင္း … Jack Canfield ႏွင့္ Mark V.Hansen တို႔၏ One at a time

ေဖျမင့္
ႏွလံုးသားအာဟာရ

Unicode

စေတနာမှန်တဲ့ ကြိုးစားမှုတိုင်းမှာ ရလဒ်ရှိတယ်

ကျွန်တော်တို့ မိတ်ဆွေတစ်ယောက်က လူသူ ရှင်းသော မက္ကဆီကို ကမ်းခြေတစ်နေရာမှာ သူတွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်တစ်ခုကို ပြောပြသည်။

နေဝင်ဆည်းဆာအချိန် ကမ်းခြေမှာ သူတစ်ယောက်တည်း လျှောက်သွားရင်းက ဟိုးအဝေးဆီမှာ လူတစ်ယောက် လှမ်းမြင်ရ သည်။

နည်းနည်းနီးလာတော့ ဒေသခံ တစ်ယောက်ဖြစ်ကြောင်း သတိပြုမိသည်။

သည်လူက ကမ်းခြေသောင်စပ်မှာ ကုန်းကုန်း ကုန်းကုန်းနှင့် သွားနေရာက တစ်စုံတစ်ရာကို ငုံ့ကောက်ကာ ပင်လယ်ရေထဲ လွှင့်ပစ်သည်။

သည့်နောက် အဲသည်လိုပဲ နည်းနည်း လျှောက်သွားလိုက် တစ်ခုခုတွေ့လျှင် ကောက်ယူလိုက် လွှင့်ပစ်လိုက် လုပ်နေသည်။

ကျွန်တော်တို့မိတ်ဆွေ သူ့အနားရောက် သွားပြီး သေသေချာချာ ကြည့်တော့ …

လှိုင်းနှင့်ပါလာပြီး သဲသောင်ပြင်ပေါ် တင်ကျန်နေသည့် ကြယ်ငါးတွေကို ရေထဲ ပြန်ပစ်ထည့်ပေးနေခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။

သည်လူ ဘာရည်ရွယ်ချက်နှင့် လုပ်နေသလဲ ကျွန်တော်တို့ မိတ်ဆွေ စဉ်းစားမရ ဖြစ်သွား သည်။

သို့နှင့် သူ့ကို နှုတ်ဆက်ပြီး တည့်တည့်ပင် မေးကြည့်သည်။

” မသိလို့ မေးပါရစေဗျာ… မိတ်ဆွေ ဘာလုပ်နေတာပါလိမ့် ”

” ကြယ်ငါးတွေ သမုဒ္ဒရာထဲ ပြန်ပို့ပေးနေ တာလေ။ ခင်ဗျား မြင်တဲ့အတိုင်းပဲ။

အခု ဒီရေကျချိန် သောင်ပြင်ပေါ်မှာ တင်ကျန်ခဲ့တဲ့ အကောင်တွေဟာ

ရေတက်တဲ့အချိန် အဲဒီလောက်ကြာရင် အောက်ဆီဂျင်ပြတ်ပြီး သေမှာပဲ”

”ဟုတ်ကဲ့……အဲဒါတော့ ကျွန်တော်လည်း သဘောပေါက်ပါတယ်”

ကျွန်တော်တို့ မိတ်ဆွေက ဆိုသည်။

”ဒါပေမယ့် ဒီကမ်းခြေတစ်လျှောက်မှာ ကြယ်ငါးတွေ ထောင်ချီပြီး ရှိနေမှာပေါ့ဗျာ။

အဲဒီကောင်တွေ အားလုံး ခင်ဗျား ဘယ်လို လိုက်ကောက်မလဲ။ တစ်ယောက်တည်း မနိုင်နိုင်ဘူးလေဗျာ။

ပြီးတော့ စဉ်းစားကြည့်။ ဒီကမ်းရိုးတန်းတစ် လျှောက်လုံးဆိုရင် ခုလို သဲသောင်ပြင်ပေါင်း ရာချီရှိမှာပေါ့…

ဒီသောင်စပ်တိုင်းမှာ ရှိနေမယ့် ကြယ်ငါးတွေ ဘယ်လိုလုပ်မလဲ။

သူ့သဘာဝနဲ့သူ ဖြစ်နေတာ။ ခင်ဗျား တစ်ယောက်ကြောင့် ဘာတွေ ထူးခြား ပြောင်းလဲသွားနိုင်မလဲ”

ဒေသခံပုဂ္ဂိုလ်က ပြုံးသည်။

နောက်ထပ် ကြယ်ငါးတစ်ကောင် ကောက်သည်။ ထို့နောက်…”တစ်ခြားကောင်တွေအတွက် မထူးခြားပေမယ့် ဟောဒီ ကြယ်ငါးတစ်ကောင်အတွက်တော့

ထူးခြားသွားတာပေါ့ဗျာ”ဟု ဆိုကာ ပင်လယ်ရေထဲ လှမ်းပစ် ထည့်လိုက်လေသည်။

မူရင်း … Jack Canfield နှင့် Mark V.Hansen တို့၏ One at a time

ဖေမြင့်
နှလုံးသားအာဟာရ

Be the first to comment

Leave a Reply

Your email address will not be published.


*